စာစစ်မှူးကြီးရဲ့လက်​ဝှေ့ခရီးစဥ်

စာစစ်မှူးကြီးရဲ့လက်​ဝှေ့ခရီးစဥ်
……………………………………

​နောက်တက်​လေး​တွေက အကဲစမ်းချင်ကြပြီ။ ပထမတန်းကို တက်ချင်ကြပြီဆို သံမဏိလူသားစိုးကြီးကို မျက်စပစ်ချင်ကြတယ်။ စိုးကြီးက အပြုံးမပျက် ဟန်မပျက် စာ​မေးပွဲ​​တွေဖြေခွင့်ပြု​နေမြဲ ။ အဆစ်အ​နေနဲ့ မျိုးဆက်သစ်​တွေကို ​ဖေးကူလက်တွဲပြီး ရိုးရာပထမတန်း စိမ်းလန်းစို​ပြေ​နေ​အောင် ကြိုးစားအားထုတ်​နေတုန်း။ ခုထိလည်းအထ​​မြောက်​နေတုန်း။ ဒါဟာ စိုးကြီးရဲ့ အရိုးခံ​စေတနာပါ။ သံမဏိနဲ့ရင်ဆိုင်ပြီးဆိုမှ​တော့ သံမဏိ​လောက်မမာရင်​နေ သံမဏိအရည်​ပျော်​အောင် အပူပေးတာ​တော့ ခံနိုင်တယ်လို့ သတ်မှတ်ရမှာပဲ။

သည်တစ်ခါ အစမ်းသပ်ခံ တန်းတက်ဖို့အားထုတ်လာတာ​တော့ ဇွဲကအင်​မြေကလပ်ရဲ့ ​ခေါင်း​ဆောင်မင်းသား ​မောင်လူ​ချော ​ခေါ် ရန်နိုင်ထွန်းပဲဖြစ်ပါတယ်။ ​ခုနောက်ပိုင်း ပရိတ်သတ်​တွေကို ပွဲခပ်စိပ်စိပ်ထိုးပြပြီး ပရိတ်သတ်မျက်စိထဲ ဝင်ဆံ့​အောင်ကစားပြနိုင်တဲ့ ရန်နိုင်ထွန်းအတွက် သည်စိန်​ခေါ်မှုက အချိန်တန်သလား မတန်​သေးဘူးလားဆိုတာက​တော့ မကြာခင်သိရ​တော့မယ်။ ​စော​သေးတယ်လို့ အ​ဝေဖန်မ​လောချင်သလို ဆိုင်လို့ရပြီလို့လည်းယတိပြတ် မဆုံးဖြတ်ချင်သေး​ပေ။ ပေနှစ်ဆယ် ကြိုးဝိုင်းထဲ​ရောက်မှ အ​ဖြေထပ်ထုတ်ရမယ့် ပုစ္ဆာအဖြစ် အကြိုရင်ခုန်သံနဲ့​ မျှော်​နေပါရ​စေ။

လက်သီးအားသန်တဲ့ ကစား​ပေါက်မျိုးပိုင်ဆိုင်ထားတဲ့ မောင်နှစ်​ယောက်မို့ လက်သီးမိုး​တွေ​စွေ​နေ​​အောင်များရွာဦးမလားပါပဲ။ အတိမ်းအ​ရှောင်အဆုတ် အနင်း​တွေလည်း သိပ်မသုံးကြပဲ ဆိုင်ထိုးပြိုင်ထိုး ဘက်ကို ပိုအားသန်တဲ့ ကစားသမား​တွေပါမို့ ပွဲကြမ်းကြမ်းတစ်ပွဲကြည့်ရပြီလို့ပဲ သတ်မှတ်လို့ရပါတယ်။

မာဂုဏ်အထူးပြုဘာသာရပ် ဂုဏ်ထူးသမား စိုးကြီးအတွက် ရန်နိုင်ထွန်းရဲ့ဘယ်လိုလက်သီးချက်မျိုးက ​နောက်ကိုယိုင်​စေမလဲ။ သိပ်​တော့မဖြစ်နိုင်ပါ။
လျင်မြန်မှူနဲ့ တိုင်မင်မှန်မှန်ထိုးတက်တဲ့ ရန်နိုင်ထွန်းရဲ့လက်သီးချက်​တွေက ပြိုင်ဘက်ကို ထိချက်မှန်​အောင် ထိုးနိုင်တာက အားသာချက်ပါ။ အမှတ်​ပေးပွဲမဟုတ်​လေ​တော့ ထိချက်ဆိုတာထက် ပွဲသိမ်းတိုက်ကွက်က သည်​နေရာမှာ ပိုအသုံးတည့်ပါတယ်။ ရန်နိုင်ထွန်းအတွက် အလဲထိုးတိုက်ကွက်က အ​ရေး​ပေါ်လိုအပ်ချက်ပါ။ ပထမတန်းမှာ အကြာကြီး ကျင်လည်ချင်တယ်ဆိုရင် သည်အားနည်းချက်ကို ခပ်မြန်မြန်ပြုပြင်ရပါမယ်။

စိုးလင်းဦးက​တော့ သူ့အလုပ်သူဆက်လုပ်​​နေဦးမှာပါ။ သည်ဘက်နှစ်မကြာခင်မှာ နားဖို့ဆုံးဖြတ်ထားတယ်လို့ ​ကြေငြာထားပါတယ်။ ​ကြေညာပြီး​နောက်ပိုင်း ဘယ်ပွဲလာလာ အနိုင်နဲ့ပိုင်းပြီး အဆုံးသတ်လှဖို့ ​နောက်ပိုင်းပွဲ​တွေမှာ ​အောင်နိုင်လိုစိတ်ပိုမိုပြင်းထန်​​နေပုံရတယ်လို့ မြင်​ယောင်လာတဲ့အထိ ရုန်းပြ​နေတာပါ။ အလဲထိုးပွဲ​တွေ ခပ်စိတ်စိတ်ပြန်မြင်ပြန်ကြားလာရပြီး သူ့ပရိတ်သတ်​တွေ လက်မ ဆက်ထောင်​နေရတာက အ​ကောင်းဆုံးသက်​သေပင်မဟုတ်ပါလား။

ဘာ​ပဲ​ပြော​ပြော အတန်းတက်ချင်တဲ့ ကစားသမား​တွေရဲ့ အသဲဇွဲပညာရပ်​တွေ ပြည့်စုံမှူရှိ မရှိက​တော့ ပရိတ်သတ်က ဆုံးဖြတ်​ပေးလို့​တော့မရ။ အထူးသဖြင့် ပထမတန်းလို​နေရာမျိုးက​တော့ သာလို့ပင် ဆိုးပါ​သေးတယ်။ လွယ်လွယ်​လေးလာပြီး လွယ်လွယ်​လေး​လေးပြန်ဆင်း​ပြေးလို့မရ။ သည်​နေရာ (ပထမတန်း) ဆိုတာက ရိုးရာလက်​ဝှေ့ရဲ့ တိုက်စစ်မြှားဦးပါ။ အစွယ်ချွန်လို့နယ်ကျွန်လာတဲ့ နိုင်ငံတကာတိုက်ခိုက်​ရေးသမား​တွေကို အများဆုံးဧည့်ခံ​နေရာတာပါ။ ရိုးရာရဲ့အလှနဲ့ရသမပျက်​စေပဲ ပြိုင်ဘက်​တွေရဲ့ အထင်တကြီး​လေးစားမှုကို အရယူပြီး တာဝန်ကြီးကြီးထမ်းထားရတဲ့ ပထမတန်းကစားသမား​တွေပါ။ စိုးကြီးနဲ့စမယ့် မင်းအိမ်မက်​တွေ အ​ကောင်အထည်​ပေါ်နိုင်ပါ​စေ တာဝန်​ကြေပါ​စေ ရန်နိုင်ထွန်း​ရေ။ စိုးလင်းဦးက​တော့ သမဏိအသည်းနဲ့ ပထမတန်းမှာ ရဲရဲကြီးကြီး တာဝန်အ​ကျေလွန်တဲ့ ရိုးရာ​စောင့်ထိန်းနတ်ကြီးပါ။ အထိအခိုက် နည်းနည်းပါးပါးနဲ့ ပရိတ်သတ်အကြိုက်ပွဲ ဖြစ်ပါ​စေ​ကြောင်း ဆု​​တောင်းလိုက်ပါတယ်။

ဖိုးခွား (သထုံ)