အလင်း​ဖျော့ကြယ်​တွေရဲ့အလင်းပြန်ချိန်

အလင်း​ဖျော့ကြယ်​တွေရဲ့အလင်းပြန်ချိန်
……………………………………………….

ပရိတ်သတ်တွေရဲ့တမ်းတခြင်းအဝေးမှာ လင်းလက်ရတာ ဘယ်လောက်တောင်များ အနေခက်လိုက်မလဲဗျာ။ အထူးသဖြင့် လက်ခုပ်သံနဲ့အားယူရတယ့် သည်လောကမှာ ကိုယ့်အတွက်လက်ခုပ်သံတွေ တိုးတိုးသွားတယ်ဆိုတာမျိုးက ဘယ်လိုနာကျင်ကြေကွဲစရာမျိုးလည်းဆိုတာ ဖော်ပြစရာစကားလုံးမရှိချေ။

ကြယ်အိုကြီးတစ်လုံးက တစ်ခါပြန်တောက်ပဖို့ အားယူလိုက်ပြီဆိုတဲ့ သတင်းစကားက တစ်ခေတ်တစ်ခါက သူ့ပရိတ်သတ်တွေကို ကြိုးဝိုင်းနဲ့ အနီးဆုံးကို ပြန်ရောက်စေနိုင်ခဲ့တယ်။ ဒါက ဘာကိုပြနေသလဲဆိုတော့ သူဟာ ခေသူမဟုတ်ခဲ့ လျှမ်းလျှမ်းတောက်ခဲ့စဉ်ကာလတွေ အမှန်တကယ် ရှိခဲ့တယ်ဆိုတာပါပဲ။
သွေးသစ်အောင်ရဲ့ ကိုယ်စွမ်းကိုယ်စကို ဘယ်ပွဲစီစဉ်သူမှလျော့မတွက်ရဲ။ သို့သော် အကြောင်းအရာတစ်ချို့တစ်ချို့တွေကြောင့် သူလည်း သူ့ပရိတ်သတ်တွေနဲ့ အဆက်အသွယ်ပြတ်တစ်လှည့် ပေါ်တစ်လှည့်။ သူ့အသက်အရွယ် သူ့အရည်အသွေးကြောင့် သူလည်းသည်အခြေအနေကိုနှစ်မြို့နေပုံတော့မရ။ ၂၀၂၀ မှာ နှစ်ဆပိုကြိုးစားပြမယ်ဆိုတယ့် ကတိတစ်လုံးကို သူ့ပရိတ်သတ်တွေလက်ထဲ ပြန်ထည့်ပေးထားသူ။ တစ်နည်းဆိုရရင်တော့ အလင်းဖျော့ကြယ်တစ်လုံးရဲ့ အလင်းပြန်ချိန်ပေါ့။

ထူခြားတယ့် တွဲဆိုင်းအပြောင်းအလဲ ခပ်မြန်မြန်တွေကြောင့် ပရိတ်သတ်မျက်စိအနည်းငယ်နောက်ခဲ့ရပေမယ့် သွေးသစ်အောင်အတွက်တော့ အထူးအခွင့်အရေးရလိုက်သလိုပါပဲ။ ပွဲလည်းမဝေးထား သက်လုံရော ထရိန်နင်ပါ ရှိသင့်လောက်ရှိနေရင် စိုးရိမ်ရေမှတ်ရောက်စရာ မလိုတဲ့ အခြေအနေပါ။ ကြယ်လင်းအာင်ကို အလဲထိုးချလိုက်ဖို့က ခက်ခဲလွန်းပေမေယ့် အစီးသရေဆိုတဲ့ အခွင့်သတင်းထူးတင်ဆက်လိုက်နိုင်ရင် ပွဲစီစဉ်သူတွေရဲ့ ဂရုစိုက်မှုကို အနည်းနဲ့အများပြန်ရနိုင်ပါတယ်။ မရွယ်ပဲစော်ကဲဖြစ်ဆိုသလို ဆုမတောင်းထားပဲ အဆင့်သင့်ရလာတယ့် အခွင့်အရေးပါ မိမိရရအသုံးချတက်ဖို့ပဲလိုပါတော့တယ်။
​ကြယ်လင်းအောင်ရဲ့ခေတ်ပြိုင်တွေ အားလုံးအနားယူကုန်ကြတဲ့ အနေအထားမှာတောင် သူက ကြိုးဝိုင်းထဲကစားသမားအဖြစ် ဆက်ရှိနေတာကိုက သူ့အတွက် အလွန်ကျေနပ်စရာဖြစ်နေပါပြီ။ ဖွဲအိတ်ကြီးလို့ပဲခေါ်ခေါ် ခုထိ သူ့ကို ကြမ်းပြင်နဲ့ အနမ်းဆင်အောင်လုပ်နိုင်ဖို့ နောက်တက်တွေလည်း အလွယ်တစ်ကူမစွမ်းဆောင်ပြနိုင်သေးတာကိုက သူရဲ့ထူးခြားမှုဝိသေသကို ဆက်ထိန်းသိမ်းထားနိုင်ဆဲဆိုတာ အကောင်းဆုံးသက်သေပေါ့။ အပြုံးမပျက်ပဲ ပြိုင်ဘက်ကို ကြိုးဝိုင်းတောင့်မှာချောင်ပိတ်ဖမ်းဖို့ အခုထိ စိတ်အားထက်သန်နေတုန်း။ ရိုးရာစာစစ်မှူးကြီးတာဝန်ကို ကျေကျေနပ်နပ်ကြီး ပခုံးထမ်းတင်ထားတုန် သူချစ်တဲ့ကြိုးဝိုင်းအပေါ်ခုထိ သစ္စာမပျက်ရှိနေသေးတုန်းဆိုတာ သက်သေပင်ထပ်ပြစရာမလို။

ရိုးရာလက်ဝှေ့ပွဲတစ်ခုရဲ့ အရသာတစ်ခုဖြစ်တဲ့ ဆိုင်ထိုးပြိုင်ထိုးတာကို ကျေကျေနပ်နပ်ကြီး ခံစားရမယ့် အလင်းဖျော့ကြယ်တွေရဲ့ အလင်းပြန်ချိန်ကို စောင့်ကြည်ချင်သပဆိုရင်တော့ Myanmar letwhei collection ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကနေ ယနေ့ည စောင့်ကြည့်နိုင်ပါတယ်လို့ သတင်းကောင်းပါးပါရစေ။

ဖိုးခွား (သထုံ)