မိမိနှင့် WLC Battlebones အပိုင်း(၄)
===================
အမျိုးသားတွေအများစုရဲ့တိုက်ခိုက်ရေးခေါင်းစဉ်အောက်မှာ အမျိုးသမီးတိုက်ခိုက်ရေးပွဲစဉ်တွေကို ဖျတ်ကနဲ ကြည့်ရမြင်ရတာကလည်း ခံစားတက်ရင် အရမ်းကြွတဲ့ နတ်ဒိုးသံစဉ်တပုဒ်ကို နားဆင်မြင်ရသလိုပါပဲ။ ဆောရစ်မန်ဖရက်ဒီရဲ့ ဒုတိယအကြိမ်မြောက်မြန်မာပြည် ခရီးစဉ်ကလည်း စိတ်လှုပ်ရှားစရာအပြည့်။ သူမပျော်နေတဲ့ ခံစားချက်နဲ့မျက်နှာက media day နေ့တည်းက ဖုံးမရဖိမရ။ WLC ကထပ်ပေးတဲ့ ဒီအခွင့်အရေးက အသုံးချတက်ရင် သူမအတွက် ရွှေပဲလေ။ ထရန်သီလူအာကတော့ တိုက်ခိုက်ရေးသမလို့ မထင်ရအောင် သိပ်နုလှလွန်းတဲ့ မျက်နှာလေးနဲ့ လက်ဝှေ့ထိုးမှာလားကွာ လို့ မိမိကကြားကနေ နှမျောနေမိ (မင်းသမီးအထိဖြစ်လို့ရတဲ့ မျက်နှနုနုလေးရယ်ပါ) လက်ဝှေ့မယ်ဇာတ်လမ်းမှာ ကိုယ်ပါ တခါတည်း ဒါရိုက်တာဖြစ်သွားတယ်။ အတွေးက မြန်ချက် ထိန်းမရချင်ဘူး။ ဆောရစ်က သိမ်ဖြူရုံကို သိပ်သဘောကျကြောင်း တဖွဖွပြေနေလေရဲ့။ ပရိသတ်နဲ့ နီးနီးကပ်ကပ်ထိထိတွေ့တွေ့ နွေးနွေးထွေးထွေးရှိတယ်လို့ ခံစားရနေလို့ဆိုပဲ။ ထရန်သီကတော့ စကားနည်းပြီး အလုပ်နဲ့ပိုသက်သေပြချင်တယ်ပုံ။ ပွဲရလဒ်ကတော့ ပရိသတ်အများစုထင်ကြမြင်ကြသလို ဆောရစ်အလဲထိုးအနိုင်ပါ။ လွယ်လွယ်လေးပွဲသိမ်းသွားတယ်လို့ ထင်ရင်တော့မှားမယ်ပေါ့ မိတ်ဆွေ။ ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ယောက်က မေးလိုက်ပါတယ် ” ဆောရစ် ခုလိုအစောကြီးပွဲသိမ်းနိုင်လို့ ခံစားချက်လေးပြောပြပါဦးဆိုတော့”
“ ဘုရားရေ အစောကြီးပွဲသိမ်းတယ်တဲ့လား ကျွန်မရဲ့ဘယ်ဘက် မျက်လုံးကိုလည်း ရှင်တို့ကြည့်ကြပါဦး ” ဟုတ်ပါတယ် ဆောရစ်ရဲ့ ဘယ်ဘက်မျက်လုံးက ဖူးယောင်ကိုင်းပြီး ညိုမဲစွဲနေတာပါ။ အသက်အရွယ် အတွေ့အကြုံ ခွန်အား ကွာဟလွန်းတာကြောင့် လက်နက်ချလိုက်ရပေမယ့် ထရန်သီရဲ့ ဘောက်ဆင်ဆန်တယ့် အရွေ့တွေနှင့် ဘယ်ညာလက်သီးတွဲလုံးတွေက ဆောရစ်ထက်တောင် သာလွန်သလိုရှိခဲ့တာပါ။ အားသာချက်ကိုယ်စီကို ပြိုင်တူထုတ်ပြခဲ့ကြပြီး အနိုင်နဲ့ထိုက်တန်အောင် လုပ်ပြနိုင်သူက နိုင်ခဲ့တဲ့ ရှင်းလင်းလှပသော ကျေနပ်စရာ အမျိုးသမီးပွဲစဉ်တခုပါ။ ကျေးဇူးပါ WLC.
နန်းသိမ်းပွဲရဲ့ဘုရင် ဘယ်သူလဲ သို့မဟုတ် ချန်ပီယံကဘယ်သူလဲပေါ့။ အဖြေကတော့…. ဘုရင်ဖြစ်ခွင့်ရသူက တူတာဗို့ပါ။ ထိုက်တန်တယ် အငြင်းပွားစရာမရှိခဲ့ဘူး။ ပရိသတ်လည်းလက်ခံခဲ့ရတဲ့ တိုက်ရေးခိုက်ရေးနှင့် ထပ်တူကျခဲ့တဲ့ ရလာဒ်။ ဒီလိုရလာဒ် ထွက်လာဖို့ အကြောင်းတရားတွေက တစ်ဖက်မှာ သိသိသာသာ သွားစုပြီဆိုတည်းက ဒီပွဲရဲ့ အောင်နိုင်သူဟာ အငြင်းပွားစရာမရှိ WLC ရဲ့ မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်ခွင့်ရပါပြီ။ တူတာဗို့က ဒီအခွင့်အရေးနဲ့နေရာကို အကြွင်းမရှိ သိမ်းပိုက်ရင်း နန်းသိမ်းလိုက်ပါပြီ။
ဖိအားဆိုတာ အသုံးမချတက်ရင် ဘေးထွက်ဆိုးကျိုးမျာဖြစ်ကုန်ကြပြီး ကြောက်စရာကောင်းအောင်နှောင့်ယှက်ပါတယ်။ မောင်တူးအရမ်းကြိုးစားခဲ့ပေမယ့် ဖိအားကြောင့် မောင်တူးဟာ မောင်တူးမဖြစ်ခဲ့။ ဒီဖိအားကလည်း သူ့ပရိသတ်အပေါ် ချန်ပီယံကိုသာအမြဲအားပေးခွင့်ရတဲ့ ပရိသတ်သာဖြစ်စေချင်တဲ့ မောင်တူးရဲ့စေတနာအဖြူသက်သက်ပါ။ တူတာဗို့ရဲ့ ကစားပေါက်ကို အလွတ်ရနေလျက်သားနဲ့ အလောကြီးမိတဲ့ စိတ်ဇောက မြစ်ဖျားစခံရတာပါ။ တိုက်စစ်ဝင်တိုင်း ဂတ်ကြီးဖွင့်ပြီး ပေးလိုက်ရတဲ့ အမှတ်တွေကို နှမြောမိတယ်။ အောက်ဒေါင့်ရှင်းကို ဘာလို့လေးချီမှစလည်း စဉ်စားမရဘူး။ ကြိုးတန်းနားရောက်တိုင်း ရင်ဖွင့်မဝင်ပဲ ခေါင်းငုံ့လျက်ဖြစ်နေတဲ့အနေအထားကို အားမရဘူး။ ဘယ်ထောက်ညာဝိုက်ပြီးရင် သတ်ကွက်ကုန်တဲ့ တူတာဗို့ကို ဘာလို့ခေါင်းယှဉ်မတိုက်သလဲ(သူကတောင်တစ်ကြိမ်ပြန်တိုက်သွားခဲ့) စဉ်းစားမရဘူး။ လက်ပြန်ရိုက်ချက်ထိသွားမှာကိုပဲ အာရုံရောက်နေတယ်လို့ ထင်ပါရစေတော့ တူးတူးရယ်။ တူတာဗို့ကောင်းလို့ဆိုတာထက် မောင်တူးဘက်က လိုအပ်တာတွေသိပ်များသွားလို့ အမှတ်တွေပေးလိုက်၇တာပါ။ ဒီလိုမျိုး ရဲရဲကြီးထင်နေတုန်း။ နှစ်ချီကစလို့ ဖိုထိုးနေတဲ့ သက်လုံကိုတော့ အားမရဆုံးပါ။ အမှတ်ပေးပွဲက လာတဲ့သူမို့ အမှတ်ရအောင်ထိုးဖို့ တူတာဗို့အတွက် သိပ်မခက်။ ခက်နေတာက ကိုယ်တွေရိုးရာလက်ဝှေ့ကမ္ဘာပါ။ အလဲမထိုးနိုင်မှန်း ကိုယ့်ထောင့်ကအကူလူတွေနဲ့ပရိသတ်က ရိပ်စားမိပြီ။ အမှတ်ယူပြီး အလေးသာအောင်ထိုးဖို့ကျ ကစားသမား နည်းပြ အားပေးသူပရိသတ်အတွက် သိပ်ခက်နေပြန်ရော်။ ဒါကလည်း တော်လှန်ရေးကာလ စနစ်အကူးအပြောင်းမှာ စတေးလိုက်ရတဲ့ #အဖိုးတန်မာနတရားတွေပေါ့ ။
ထားပါ နည်းပညာခေတ်ကြီးကို အမီလိုက်ချင်သပဆို ကိုယ့်နံရိုးလည်းတံတားထိုးသင့်ထိုးရမှာပဲလေ။ နှောင်းလူတွေအတွက် လမ်းဖော်ပြီးသားပေါ့နော်။ ဂုဏ်ယူတက်ရင် ကျေနပ်စရာပါ။ ငါးချီလုံးက ရင်သပ်ရှုမောဖွယ်ရာအတိနဲ့ ပါဝါနှင့်ပညာခန်းပြိုင်သွားကြတာပါ။ အဓိကအကျဆုံးကတော့ ကြိုးဝိုင်းအဖြူထောင့်မှာ ရေးထားထဲ့ စပွန်ဆာကုမ္ပဏီရဲ့ အမှတ်တံဆိပ်လို့ထင်ပါတယ်။ Speed ဗမာလို အမြန်နှုန်း။ လက်သီးယှဉ်ထွက်တိုင်း သူ့လက်သီးကိုယ့်ဆီအရင်ရောက်လာတာမျိုး။ ဘောင်းဘီလေးမ မျက်ခုံးလေးပင့် ပြုံးပြပြီး” လာလေကွာ ဟေ့ရောင်တူတာဗို့ဆိုတဲ့” မောင်တူးရဲ့ ချန်ပီယံမာန်ကိုတော့ အလေးမပြုဘဲမနေနိုင်ပေါင်။ အကြောင်းမတိုက်ဆိုင်လို့ မောင်တူးရဲ့မြန်မာပရိသတ်တွေ မပျော်ခဲ့ရပေမယ့် WLC က ထပ်ပေးလာ့မယ့် မကျေပွဲကိုတော့ ကျနော်တို့ကလည်း ရင်ကော့ပြီးမျှော်နေဖို့ ဘာလို့ မရဲရမှာလဲ
ဖိုက်တင်းတူးတူး……