ဒလဒီပရိုးရာလက်ဝှေ့ကလပ်သစ် တစ်ခုရဲ့ နိဒါန်း

မြန်မာ့ရိုးရာလက်ဝှေ့ ကလပ်သစ်တစ်ခု ပေါ်ထွန်းခြင်း (သို့) ဒလဒီပရိုးရာလက်ဝှေ့ကလပ်သစ် တစ်ခုရဲ့ နိဒါန်း

ဒလဒီပ အမည်နဲ့ ရိုးရာလက်ဝှေ့ကလပ်အသင်း အသစ်တစ်ခုကို ဒလမြို့မှာ စတင်ဖွဲစည်းလိုက်ပါပြီ။ နည်းပြဆရာကတော့ ရွှေဖလား ဖြစ်ပြီး ကလပ်အုပ်ချုပ်သူက ကိုနိုင်လင်းထွန်း ဖြစ်ပါတယ်။ လေကျင့်ကွင်း တည်ရှိရာကတော့ ဗိုလ်တေဇအားကစားခန်းမ၊ ကမာကသွယ်ရပ်ကွပ် ၊ ဒလမြို့ဖြစ်ပါတယ်။ မကြာသေးခင်ကမှ စတင်တည်ထောင်ခဲ့တာမို့ ကစားသမားများကလည်း အသစ်များ ဖြစ်ပါတယ်။ ပွဲဦးထွက်အနေနဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၇ ရက် ၈ ရက်နေ့တွေမှာ ကျင်းပခဲ့တဲ့ ကျိုက်ခေါက်ဘုရားပွဲလက်ဝှေ့ပွဲမှာ လက်ဝှေ့သမားအချို့ လက်ရည်သွေးခဲ့ကြပြီး ဖြစ်ပါတယ်။

ဒလဒီပ ရိုးရာကလပ်မှာ လက်ရှိလေ့ကျင့်နေတဲ့ မျိုးဆက်သစ်လက်ဝှေ့သမားများကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
(၁) မင်းသူ ၊ အသက် ၁၉ နှစ် ၊ အရပ် ၅ ပေ ၅ လက်မ ၊ ၅၄ ကီလိုဝိတ်တန်း – ၄ ချီ ၅ ချီပွဲကစားနိူင်သည်။
(၂) ရာဇဒီပ ၊ အသက် ၁၉ နှစ် ၊ အရပ် ၅ ပေ ၈ လက်မ ၊ ၆၂ ကီလိုတန်း ၊ ၄ ချီ ၅ ချီ ကစားနိူင်သည်။
(၃) သားအောင်တံခွန် ၊ အသက် ၁၆ နှစ် ၊ အရပ် ၅ ပေ ၄ လက်မ ၊ ၅၁ ကီလိုဝိတ်တန်း ၊ ၃ ချီ ၄ ချီ ထိကစားနိုင်ပါသည်။

သုံးချီမျိုးဆက်သစ်များ
(၄) နိူင်ထက်လင်း ၊ ၆၅ ကီလို ၊ အရပ် ၅ ပေ ၈ လက်မ
(၅) ထွန်းကိုကို ၊ ၅၁ ကီလိုတန်း ၊ အရပ် ၅ ပေ ၃ လက်မ
(၆) စောလေပွေရိုင်း ၊ ၆၅ ကီလို ၊ အရပ် ၅ပေ ၅ လက်မ
(၇) သက်ပိုင်ဟိန်း ၊ ၅၄ ကီလို ၊ အရပ် ၅ပေ ၄ လက်မ
( ၈) စောကရင် ၊ ၅၈ ကီလို ၊ အရပ် ၅ပေ ၅ လက်မ

ဆက်သွယ်ရန် အတွက် –
နည်းပြဆရာ ရွှေဖလား ဖုန်း -09267949747
ကလပ်အုပ်ချုပ်သူ နိူင်လင်းထွန်း ဖုန်း – 09253728862

မြန်မာ့ရိုးရာလက်ဝှေ့ ကလပ်ဟောင်း ကလပ်ကောင်းများကို မှတ်တမ်းတင်ဂုဏ်ပြုသလို ကလပ်အသစ် များကိုလည်း MLC မှ ကြိုဆိုအားပေး မှတ်တမ်းတင်ပါတယ်။ မြန်မာ့လက်ဝှေ့ ကျန်းမာ ချမ်းသာပါစေ။