Featured Video Play Icon

မြူးမြူးကြွကြွ တိုက်ခိုက်ကခုန်

မုဒုံကလပ်မှ အရိုင်းလေးဟာ အားအင်သုံးပြီးပြီး ဝင်တိုးနေတဲ့ ကဗျာဝသားအောင်ပိုင်ကို လေ့ကျင့်ထားတဲ့လက်သီးများနဲ့ ထောက်ထိုးထည့်နေတာကြောင့်
ပထမချီမှာစစချင်းပဲ အောင်ပိုင် ပြုတ်ပြုတ်ကျပါတယ်။ နာတတ်သွားလို့ သတိကြီးကြီးထားလိုက်ရတဲ့ အောင်ပိုင်ဟာ ဝါသနာရှင်ဖြစ်ပေမယ့်လည်း မဆုတ်မနစ်တဲ့
နိုင်လိုစိတ်နဲ့ မုဒုံကလပ်သားကို ဆက်လက်ရင်ဆိုင်မှုဟာ ကြားပွဲဖြစ်ပေမယ့် ကြည့်ကောင်းခဲ့ပါတယ်။ သဘာဝအတိုင်း မာထန်နေတဲ့ သက်လုံခွန်အားနှင့်အတူ
အောင်ပိုင်ရဲ့ တက်ကြွတဲ့ လက်ခမောင်းခတ်ဟန်များက ဆွဲဆောင်မှုရှိလွန်းပါတယ်။ ဒါ့အပြင် အနားယူအားမွေးချိန်မှာပင် ပျော်ရွှင်မြူးထူးနေပုံများဟာ တိုက်ပွဲပျော်တို့ရဲ့
မိမိကိုယ်မိမိ ကျေနပ်အားရစိတ် အနုပညာကို ထင်ဟပ်နေစေတာမို့ MLC မှ ဂုဏ်ယူတင်ဆက်လိုက်ပါသည်။ ဘယ်ညာနှစ်ဖက်လုံးသန်သူရဲ့ ပြည့်ဝနေတဲ့ သက်လုံနဲ့ ဘယ်လက်သီး တံတောင်အချိုးတွေအောက်မှာ ရွာသားအနိုင်ရခဲ့တဲ့ ရှားရှားပါးပါး ကြားပွဲတပွဲဖြစ်ပါတယ်ခင်ဗျား