Battlebones မှာကျန်ရစ်တဲ့ဇာတ်လမ်း(၁)

ထိုင်းရုပ်သံတွေမှာ အဖေပျောက် အမေပျောက် ရှာပုံတော်ဇာတ်လမ်းတွေကို အဖြစ်မှန်ရိုက်ပြကြတာ အရမ်းခေတ်စားပါတယ်။ ရုပ်သံကုမ္ပဏီတွေက တာဝန်ယူအကုန်အကျခံပြီး ရှာကြဖွေကြနဲ့ ဆက်သွယ်ရေးခေတ်ကောင်းကြီးထဲမှာ တကယ်ရှာရင် ဘယ်ခက်မလဲ။ တွေ့ပြီဆိုရင် မိဘနှင့်သားသမီး တွေ့ဆုံခန်းကို အစအဆုံးရိုက်ပြ surprise ရိုက်ချက်တွေမှာ လက်ခုပ်သံတွေ ပီတိတွ သဲ့ယူကြ ပျော်ပျော်ရွှင်ရွှင်ငိုကြတာပေါ့။ ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့ တကယ့် အဆင့်မြင့်မီဒီယာရဲ့ စွမ်းအားမျိုး။ ကိုယ့်မီဒီယာတွေကတော့ သင်ဇာဝင့်ကျော် စက်က္ကန့်ခါတာ ဖင်ပေါ်တဲ့နေရာ SS ရိုက်ပြီး အမျိုးမျိုးတင်စား စာညွှန်းပြီး အွန်လိုင်းပေါ် subcriber ချူသူတွေချည်းပဲတွေ့ရတယ်။ မဖွံ့ဖြိုးဘူးဆိုတာ ဒီနိုင်ငံသားတွေရဲ့ ဉာဏ်ရည်နဲ့လည်း အများကြီးအချိုးကျတယ်။ ခုလည်း စိုးမင်းအောင်က ဖုန်းဆက်လာပြီး သူ့အဖေကို အရမ်းရှာချင်တယ်ဆိုတော့ အားအားရှိ စိတ်နုနေတဲ့ကောင်က ရင်ထဲမကောင်းဖြစ်ရပြန်တယ်။ သူ့အဖေရှိတယ်လို့ လူတယောက်ပြောတာက ရာဘူးကျေးရွာ ရေဖြူမြို့နယ်ထဲမှာပါတဲ့။ ကရင်လူမျိုးအဖေကိုရှာဖို့ တကယ်သာ စူးစိုက်လုပ်ရင် တွေ့ကို တွေ့မှာပါ WLC ပွဲကအပြန် သူ့နာမည်က လက်ဝှေ့ပရိသတ်ရင်ထဲ ကျန်နေရစ်ခဲ့တယ်။ သူ့ရင်ထဲ မွေးရာပါဒဏ်ရာ အဖေငတ်ဇာတ်လမ်းကို ကျနော်က သိလိုက်တယ်။ ကိုယ်သာ တတ်နိုင်သူဆိုရင် ရှာပေးပြီးသားပဲ။ WLC: Battlebones co-main event မှာ ပြိုင်ဘက်ကို အလဲထိုးပြီး လက်တောင်ပံဖြန့် ပြေးလွှား အောင်ပွဲခံနေတဲ့ကောင်လေးကို မျက်လုံးထဲ ပြန်မြင်တယ်။ ပရိသတ်တွေဆီ ကြိုးတန်းပေါ်တက်ပြီး ဖလိုင်းကစ်တွေ လွှတ်နေတဲ့ကောင်လေး။ သူကိုယ်တိုင်က မေတ္တာတဖက်လပ်နေသူပါ။ အနီထောင့်ပေါ်တက်ပြီး နောက်ဂျွမ်းဝဲချလိုက်တဲ့ နိုင်ငံပျောက် အဖေငတ်ကောင်လေးကို သူ့အဖေကိုယ်တိုင်ကြည့်နေပြီး သားမှန်းမသိ ဖြစ်နေနိုင်တာပဲ။ သူ့စိတ်ဒဏ်ရာတွေကို မျိုသိပ်ပြီး အဲ့ဒီညက မြန်မာတွေရဲ့ စိတ်ကိုကို ပျော်ရွှင်မှု ပေးခဲ့တယ်။ အဖေအမေ ရင်ငွေ့အပြည့်အဝ ရခဲ့တဲ့ကိုယ်က ဘာရယ်မသိဘူး။ သူဖုန်းချတော့ မျက်ရည်ဝဲ ကျန်ခဲ့တာ။