မြန်မာ့ကြိုးဝိုင်းထဲ အသစ်ရောက်လာမယ့် WBC ချန်ပီယံကို သွေးသစ်ဝင်းလှိုင်ဆုံခွင့်ရှိမလား

ဆုံနိုင်ခွင့်ရှိမလား သွေးသစ်ဝင်းလှိုင်

========================

World Lethwei Championship အဖွဲ့အစည်း(WLC) မှ စာချုပ် ချုပ်ဆိုခေါ်ယူနိုင်ခဲ့တဲ့ WBC ချန်ပီယံ ” Toby Bindon ” သူဆုံတွေ့ရမယ့်သူဟာ ဘယ်သူလဲ ? သူလက်ရှိကစားနေတဲ့ အတန်းက Light Middle Weight ဖြစ်ပြီး ဒီအတန်းမှာ “ လက်ရှိ WLC ချန်ပီယံ ဆာရှာ့မွိုင်စာ့” “ အာသာဆာလာဒီးယပ်စ်” ” သွေးသစ်ဝင်းလှိုင်” တို့ တည်ရှိနေကြပါတယ်။ ဘယ်ရမလဲ မြန်မာ့လက်ဝှေ့ပရိသတ်တွေအားလုံးကတော့ သွေးသစ်ဝင်းလှိုင်နဲ့ တညီတညွတ်တည်း ပေးတွေ့လိုက်ချင်နေမှာပဲလို့ MLC က မမှိတ်မသုန် ယုံကြည်ပါတယ်။ လက်ဝှေ့သမားတွေထဲမှာ နည်းစနစ်အရကော အမှတ်ပေးအရကော မာဂုဏ်အပါအဝင် စိတ်ချလို့ရတာဆိုလို့ သွေးသစ်ဝင်းလှိုင်အပါအဝင် ရှားရှားပါးပါး ဖြစ်သွားခဲ့ပြီလို့ အများစုက ယူဆထားကြတယ် မဟုတ်လား။ MLC ပရိသတ်ဖြစ်တဲ့ သင်ကရော ဘယ်သူ့နဲ့ တည်ပေးရင်ကောင်းမှာပဲလို့ တွေးနေပါသလဲ စောင့်ကြည့်ကြပါစို့ ။