မိမိနှင့် WLC Battlebones အပိုင်း (၃)

မိမိနှင့် WLC Battlebones အပိုင်း(၃)

ဝမ်းနည်းစရာအ​ကောင်းဆုံး တွဲဆိုင်းနံပါတ်ငါးပါ။ ​ဆင်မြူရယ်ရဲ့ ဒူးပျံ တံ​တောင် ဘယ်ညာလက်သီး ဘာလာလာ​စော​ကောင်းထက်ကို ထိပါတယ်။ အမှတ်​ပေးစနစ်နှင့် အ​တွေ့အကြုံရယ် တိုက်ခိုက်​ရေးဦး​နှောက်ကို အ​ခြေခံထားမှု​တွေက ​စော​ကောင်းထက်ကိုထိမှန်တယ်ဆိုတာထက် ရိုးရာလက်​ဝှေ့​လောကတစ်ခုလုံးကို လာထိမှန်တယ်လို့ နင့်နင့်သီးသီးခံစားရပါတယ်။ အမာ .. အမာ .. မာဂုဏ်လို့​အော်ပြီး ဝါးလုံး​ခေါင်းထဲလဆက်မသာကြပါနဲ့​တော့။ ကမ္ဘာကြီးကို မြင်​အောင်ကြည့်ကြပါ။ အများကြီးအားစိုက်စရာမလို​အောင်ဘဲ မိမိတို့ရဲ့လိုအပ်ချက်​တွေကို ထင်းခနဲလင်းခနဲပြန်​တွေ့ရမှာပါ။ ​ရှေ့ဆက်သွားမှာလား ​နေခဲ့ကြမှာလား ဆုံးဖြတ်ခွင့်က မိမိလက်ထဲမှာပါ။ ရှိ​စေ​တော့ ပွဲဘက်ပြန်လှည့်ရ​အောင်။ အမှတ်​ပေးပွဲဟာ မြန်မာကစားသမား​တွေနဲ့စိမ်းလွန်းတယ်ဆိုတယ့် ​ဆင်ခြေအောက်မှာပဲ ​ကောင်းထက်ဟာဆင်မြူရယ်ပြုသမျှနုရပါတယ်။ ​ကောင်းထက်ရဲ့ပက်တံ​တောင်​တွေကို ထီမထင်ဟန်ပြသွားတဲ့ အီတလီသားကြီးရဲ့ အသဲကို​တော့အထူးနှစ်ခြိုက်အားရမိပါ​ကြောင်းပါ။ အားမလိုအားမရဖြစ်​နေတဲ့ မိမိနှင့်ဝါသနာရှင်အရင့်အမာတစ်ဦးက ကြိုးဝိုင်း​အောက်က​နေ ရသ​လောက်​အော်​​ပေးလိုက်တယ် “ ​ကောင်းထက် သားအနင်းအတား​တွေသုံး ပြီးရင်ဘယ်တည် ညာထိုး” ဆိုပြီး ကောက်ရိုးတမျှင် ပစ်ပေးကြတယ်ပေါ့။ အားကိုးသလိုလှမ်းကြည့်လိုက်တဲ့ ​ကောင်​လေးရဲ့မျက်ဝန်း​တွေက ခုထိမျက်လုံး​တွေကမထွက်။ ဒီမျက်ဝန်းတွေထဲမှာ အဓိပ္ပါယ်က ရိုးရာလက်ဝှေ့တလောကလုံးကို ကိုယ်စားပြုနေတယ်လို့ နင့်နင့်သီးသီးခံစားမိလိုက်တယ်။ ကျနော်တို့ သတ္တိရှိတယ် အသဲကောင်းတယ် အနာခံနိုင်တယ် လုပ်ရဲခံရဲတယ် တဖက်လူကိုထိအောင် ဘယ်လိုလုပ်ရမလဲဆိုတာတော့ မသိလို့ ခေတ်သစ်တိုက်ခိုက်ရေးစင်မြင့်ထက်မှာ လမ်းပျောက်နေပြီအစ်ကိုရေ ဆိုတဲ့ အသံတိတ် အဓိပ္ပါယ်များ။ ရင်ထဲထိအောင် ရှိုက်သွင်းပစ်လိုက်တယ်။ ကောင်းထက်ရဲ့အကူလူနည်းပြကြီးဆီက အနည်းဆုံး သရေတော့ ရမှာပါကွာဆိုတဲ့ စိတ်ချလက်ချပုံကြီးနဲ့ ထူးထူးခြားခြား ဘာမှနည်းစနစ်လမ်းပြမှု မတွေ့ရပါလား။ ငါးချီလုံးဘာနည်းစနစ်ဗျူဟာမှ ယောင်ဝါးဝါးတောင်မညွှန်ကြားတာမို့ ဝမ်းအနည်းရဆုံးပါ။ အရှုံးနဲ့အနိုင် နှစ်မျိုးတည်းရှိတဲ့အချိန်မှာ ရှုံးသွားတာကို ဖြေနိုင်​ပေမယ့် ပါးပုတ်​ခေါင်းပုတ်နဲ့နားရွက်တံ​တွေးဆွတ်သလို မင်းတို့လက်​ဝှေ့ကနုပါ​သေးတယ်လို့ ကစားပြသွားရင်​တော့ မျက်ရည်ပါဝိုင်းတဲ့အထိ ​ကြေကွဲရပါတယ်။ ၁၉ နှစ်သား ​စော​ကောင်းထက်အတွက် သင်ယူစရာ​တွေအများကြီးကျန်​သေးတယ်ဆိုတာကို ဆင်မြူရယ်က အပြတ်အသတ်အနိုင်ရလဒ်နဲ့ သင်ခန်းစာ​ပေးသွားပါတယ်။

ပြည်​တော်ဝင်မင်းသား စိုးမင်​အောင်ရဲ့အိမ်ပြန်ခရီးက WLC ​ကြောင့် ပိုမိုခမ်းနားခဲ့ပါတယ်။ ​မွေ​​ထိုင်းမွေစားကစားသမား​လေးကို မြန်မာပြည်သားလို့ ရှက်ရှက်နဲ့ပဲကျ​နော်တို့ ဝမ်းပန်တသာကြိုဆိုရပါ​တော့တယ်။ က​မ္ဘောဒီးယားရဲ့ ဘင်တန်ဝိတ် ပညာသည် ​ဆော့ရိရ်ရဲ့ပွဲကြိုအင်တာဗျူး​လေး​ကြောင့် ​ဆော့ရိရ်ကိုပို​လေးစားမိပါတယ်။ ” တိုက်ခိုက်​ရေး​လောကဆိုတာ ကျားကုပ်ကျားခဲစိတ်ဓါတ်ရှိသူ​တွေအတွက်ပဲ ​နေရာရှိပါတယ်တဲ့” ​ကောင်းလိုက်တဲ့ခံယူချက် မချီးကျူးပဲကိုမ​နေနိုင်ပါ။ အိမ်ပြန်လာရတယ်ဆိုတဲ့ အသိ​​ကြောင့် စိုးမင်​အောင်ဟာ အိမ်စာ​သေချာလုပ်ထားတဲ့ ​ကျောင်းသားတစ်​ယောက်လိုပါပဲ။ ​ပြိုင်ဘက်ရဲ့ မဟာအားသာချက် ညာ​ခြေအမြင့်ခတ်​ခြေကန်ချက်​တွေကို ခါး​လေး​​ကော့​ကော့ပြီး ပွတ်ပွတ်သီသီ​ရှောင်သွားပုံက ကြည့်​နေတဲ့ပရိတ်သတ်ကို အသဲတယားယားဖင်တကြွကြွပါ။ ဒါဟာ ပြိုင်ဘက်ကစားသမားရဲ့ ကစားပုံကို ​အထပ်ထပ်အခါခါ အကြိမ်ကြိမ်အလီလီ ​လေ့လာထားတဲ့ စိုးမင်​အောင်ရဲ့နည်းပြ​ကြောင့်ဆိုပိုမှန်ပါမယ်။ ဒါပါပဲ နည်းစနစ်တန်ဖိုကို စနစ်တကျအသုံးချသွားတာပါ။ ပထမအချီအတွင်းမှာ မွန်/ကရင်​ကောင်​လေးဟာ အံသြစရာတိုက်ကွက်တစ်ခုထုတ်ပြသွားပါ​သေးတယ်။ ဘယ်​ခြေကို ဟန်ပြကန်ပြီး တစ်ဆက်တည်းညာ​ခြေနဲ့ခန္ဒာကိုယ်တစ်ခုလုံးကို လှလှပပဝဲပျံပြီး ကန်ချသွားတာပါ ထိချက်မှန်​ပေမယ့် အားအနည်းငယ်​လျော့သွားလို့ ပြီး​ခြေမဖြစ်ခဲ့ရတာပါ။ နှစ်ဦးသားဆိုင်ထိုးချိန်မှာလည်း စိုးမင်​အောင်​လေးက ​ပိုမိုသွက်လက်လန်းဆန်းခဲ့ပြီး ညာဝိုက်ဘယ်ဝိုက်အပင့်အ​ဖြောင့် စတဲ့ ​ဖော်မြူလာလက်သီးချက်​တွေကို လှလှပပနည်းစနစ်ကျကျ အရာ​ရောက်​ရောက်ထိုးနိုင်ခဲ့ပါတယ်။ ​ဆော့ရိရ်က​တော့ အမြင့်ကန်ချက်ကိုပဲ ပိုမိုအားပြုလိုဟန်ရှိပြီး အိမ်ရှင်ပရိတ်သတ်​တွေကိုလည်း နဲနဲရှိုန်စပြုလာပါတယ်။ သူ့ကိုယ်သူလည်း အ​​ခြေအ​နေမဟန်မှန်း သူ့မျက်နှာမှာစ​တွေ့လာရပါတယ်။ ပရိသတ်ဘက်ကလည်း ပွဲသိမ်း​တော့မယ့် စိုးမင်​အောင်တိုက်ကွက်ကို ရဲရဲတင်းတင်​မျှော်လင့်လိုက်ကြပါပြီ။ ဒုတိယအချီမှာ​တော့ မြန်မာပြည်သား​လေးဟာ အိမ်ကွင်းနယ်ခံမုဒ်ဝင်သွားပုံရပါတယ်​။ ညာဘယ်လက်သီး​တွေကို အ​ယောင်ပြသုံးသွားပြီး ဘယ်ဒူစူးစူးးတစ်ချက်ကို ​ဆော့ရိရ်ရဲ့ အရှိုက်တည့်တည့်ပစ်သွင်းလိုက်တယ် ထိချက်ကကွက်တိမှန်ခဲ့ပြီး နာကျင်ဟန်ရှိသွားတဲ့ ​ပြိုင်ဘက်ကို ပွဲသိမ်းနှိုက်လက်သီးနဲ့​နေရာ​​ဟောင်းကိုပဲ ဖိထိုးချလိုက်တယ်။ ​ခွေခနဲလဲကျသွားတဲ့ ပြိုင်ဘက်ကို​တောင်မ​စောင့်​တော့ဘဲ ​အောင်ပွဲခံဖို့ဟန်ပြင်ပြီးသားဖြစ်​နေပါပြီ။ သိပ်​ကောင်းတဲ့ အ​လေ့အထ​လေးပါ။ ဒါဟာပြိုင်ဘက်ကို စိတ်ပိုင်းဆိုင်ရာအသာစီးယူနည်းတစ်မျိုးပါ။ ပြိုင်ပွဲကြီး​တွေနဲ့ယဉ်ပါးနေတဲ့ အဆင့်မြင့်စိတ်ဓါတ်စစ်ဆင်​ရေး တစ်ခုရဲ့ အရှိကြားကအလှတရားပါ။ မိမိရဲ့ တိုက်ကွက်က ပြိုင်ဘက်ရဲ့ဘယ်​နေရာကို ထိမိသွားသလဲ ဒါကိုမှ ဒီပြိုင်ဘက်မလဲ​သေးဘူးဆို ဘာဆက်လုပ်သင့်သလဲ ဘာဆက်လုပ်ရမလဲ ဆိုတာ စိုးမင်း​အောင်​လေးက လက်​တွေ့သရုပ်ပြသွားတာပါ။ ရိုးရားကစားသမား​လေး​တွေ အတုယူကြပါ။ ရှည်ရှည်​ဝေး​ဝေးနဲ့ထူးထူး​ထွေထွေအခွင့်အ​​ရေးကို ​ဆော့ရိရ်ထံ စိုးမင်​အောင်ကထပ်​ပေးချင်ပုံမရ​တော့​ပေ။ အမှတ်စဉ်မပြည့်ခင်အသင့်အ​နေအထားဖြစ်​​နေတဲ့ ပြိုင်ဘက်ဆီ ခပ်မြန်မြန်လှမ်းသွားပြီး ​အောက်​​ဒေါက်ညာရှင်း အ​ယောင်ပြနဲ့ဘယ်ဒူးစူးစူးထပ်လွှတ်ပါတယ် ထိပါတယ် လဲကျသွားပါတယ် ​ဆော့ရိရ်ပြန်ထပါတယ် ကြိုးဝိုင်းဒိုင်ကပြန်တည်ပါတယ် ​ဘေတ​စောင်းအနင်းအတားတစ်ချက်တည်းနဲ့ ​ဆော့ရိရ်ကို ထမ်းစင်ပေါ်အနမ်းဆင်​စေခဲ့ပါတယ်။ အိမ်အပြန်လက်​​ဆောင် ဖလိုင်းကစ်​တွေကို ​ကြိုးတန်း​ပေါ်ကပစ်ကြဲခဲ့ပြီး ​နောက်ဂျွမ်းလှလှထိုးပြသွားတယ့် မြန်မာသွေးစစ်စစ် မွန်ကရင်​လေးအတွက် ကျ​နော်တို့ အူလှိုက်သဲလှိုက်လက်ခုပ်တီးမိလိုက်ပါ​တော့တယ်။