WLC - 11: Battlebones

WLC – 11 : Battlebones ကို ဇန်နဝါရီ ၃၁ ရက်၊ သောကြာနေ့မှာ ရန်ကုန်မြို့ရှိ သိမ်ဖြူအားကစားခန်းမမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ပါဝင်ယှဉ်ပြိုင်ထိုးသတ်မယ့် တွဲဆိုင်းတွေကတော့ အောက်ပါအတိုင်းပါ။

ခေါင်ပွဲ
မစ်ဒယ်ဝိတ် (၇၁ – ၇၅ ကီလို) ကမ္ဘာ့ချန်ပီယံလုပွဲ ၅ ချီ
တူးတူး (မြန်မာ) Vs တူတာဗို့ (ဥဇဘက်ကစ္စတန်)

ဒုခေါင်ပွဲ
ဘင်တန်ဝိတ် (၅၁ – ၅၄ ကီလို) ၅ ချီ
??? Vs ဆော့ရစ်သ် (ကမ္ဘောဒီးယား)

ဘင်တန်ဝိတ် (၅၁ – ၅၄ ကီလို) အမျိုးသမီး ၃ ချီ
ဆိုရိစ်မန်ဖရက်ဒီ (ပြင်သစ်) Vs ထရန်သီလျူအာ (ဗီယက်နမ်)

ဝယ်လ်တာဝိတ် (၆၃.၅ – ၆၇ ကီလို) ၅ ချီ
စောကောင်းထက် (မြန်မာ) Vs ဆင်မြူရယ်တော့စ်ကာနို (အီတလီ)

လိုက်ဝိတ် (၅၇ – ၆၀ ကီလို) ၅ ချီ
ဟိန်းထွန်းအောင် (မြန်မာ) Vs အမ်ဆိုသီ (ကမ္ဘောဒီးယား)

ဝယ်လ်တာဝိတ် (၆၃.၅ – ၆၇ ကီလို) ၅ ချီ
စောလှမင်း (မြိုင်ကလေးဘိလပ်မြေစက်ရုံ) Vs ထွန်းလင်းအောင် (ဒို့ရိုးရာ)

လိုက်ဝယ်လ်တာဝိတ် (၆၀ – ၆၃.၅ ကီလို) ၅ ချီ
သားဝင်းထွန်း (ခြင်္သေ့မင်း) Vs အဲမွီ (နဂါးမင်း)

လိုက်ဝိတ် (၅၇ – ၆၀ ကီလို) ရှေ့ထွက်ပွဲ ၄ ချီ
လင်းထက်နိုင် (သုဝဏ္ဏဘူမိ) Vs ဇင်ဘို (Yangon Fight Club)

ရုံဝင်လက်မှတ်ဈေးနှုန်းတွေကတော့ ၁ သောင်း ၊ ၁ သောင်းခွဲ၊ ၃ သောင်းဖြစ်ပါတယ်။ ၁ သောင်းတန်း လက်မှတ်များကို ပွဲနေ့ကျမှ ရုံမှာရောင်းချပေးမှာ ဖြစ်ပြီး ၁ သောင်းခွဲ၊ ၃ သောင်းတန်း လက်မှတ်များကိုတော့ ဖုန်းနံပါတ် – 09 775 100 100 ကို ရုံးချိန်အတွင်းဆက်သွယ်၍ ကြိုတင်မှာယူနိုင်ပြီး ဇန်နဝါရီ ၁၃ ရက်နေ့ကနေ စတင်ရောင်းချပေးသွားပါမယ်။