နိုဝင်ဘာ(၂၄) Lethwei Fight-3 Yangon မီဒီယာမိတ်ဆက်ပွဲ

ကညောသွီ ၊ထွန်းသွင်၊တိုက်ဂါး၊ တောင်ကလေး၊ ဇာတိမာန်၊ နဂါးမာန် ၊မုဒုံသား ၊အဲ့ကညော၊ သတ္တိ၊ ရွိင်ရယ်ဒီရွှေသထုံ၊ အဖြူရောင်သွေးသစ် စသော ကလပ်ပေါင်းစုံလူငယ်တွေ လက်ရည်သွေးခွင့်ရထားတဲ့ နိုဝင်ဘာလ(၂၄) ရက် Lethwei Fight -3 ဟာတွဲဆိုင်းပေါင်း(၁၀) တွဲ နှင့် မီဒီယာတွေရှေ့မှောက်ရှေ့မှောက် မိတ်ဆက်ပြီးပါပြီ။ မျိုးဆက်သစ်လက်ရည်စမ်းပွဲ (၁၂) တွဲကိုလည်း တင်ဆက်သွားဖို့ ရှိနေပါတယ်။

(၅)ချီစိန်ခေါ်ပွဲများမှာ –

စောရေထူး(သတ္တိ) နှင့် (အဲ့ကညော)ဆလိုင်းချမ်းမြေ့ကို
လက်သီးမိုး(ရွိင်ရယ်ဒီရွှေသထုံ) နှင့် (တိုက်ဂါး)မင်းထက်ကျော်
ဟံသာဝတီ(အဖြူရောင်သွေးသစ်) နှင့် (တိုက်ဂါး)ရွှေချစ်အောင်
ရဲသွေးနီ(တောင်ကလေး) နှင့် (ထိုင်း)မီဘွန်း
ပိုက်ထွေး(ရွိုင်ရယ်ဒီရွှေသထုံ) နှင့် (ကာ့ဒ်ဒစ္စတန်) အလီ တို့ပဲဖြစ်ပါတယ်။

MLC တက်ရောက်သတင်းယူခဲ့တဲ့ Lethwei Fight 3 မီဒီယာပွဲပုံရိပ်များကို တင်ဆက်လိုက်ပါတယ်။