Featured Video Play Icon

အသစ်များကိုမျှော်လင့်ပါ

နဂါးမာန်ကမွေးထားတဲ့ ခပ်နုနု နဂါးပေါက်လေးတကောင်ဟာ ကျိုက္ခမီပင်လယ်လှိုင်းသံတွေကြား ဘွားကနဲ စတင်ပေါ်ပေါက်တဲ့ ပွဲ။ သူ့ကိုမှပဲထူးမေတ္တာထူးငြိမ်းချမ်းရေးကလပ်မှာ ဖျံသွေးကဲ့သို့ လူဖြူဖြူ အသဲရင့်ရင့်နဲ့ မင်းသွေးဆိုတဲ့ယောက်ျားက သုံးချီပြည့် ကျားစီးဖားစီး တိုက်စစ်တွေအပြိုင်ဖွင့် ခဲ့တယ်။ သူ့ထက်ရှေ့စောပြီး စင်ပေါ်ရောက်ပြီးသူကို မင်းသွေးကြမ်းခဲ့ပုံက အသဲထိတ်စရာပါပဲ။ ပညာကိုခေါင်ထားပြီး မာသလားမမေးနဲ့လို့ နဂါးမာန်ဗညားကလည်းမနာစတမ်းခုခံပြခဲ့တယ်။ လမ်းကြောင်းမသိတဲ့ ပရမ်းပတာလက်သီးကို မျက်လုံးစုံမှိတ်ပြီး ထိုးနေကြတဲ့ မျိုးဆက်သစ်အမည်ခံပွဲ ပုံရိပ်ဟောင်းက ဖောက်ထွက်လာတာဒီပွဲ။မစုဆောင်းထားမိတဲ့ သက်လုံအကုန် သွန်ချ ကံကောင်းရင်ထိကျမယ် တပွဲတိုးစိတ်ကူးတွေအမြင်မတော်ဘူးဆိုရင် ဒီမောင်နှစ်ဦးကို အားပေးကြည့်လိုက်ပါ။