Featured Video Play Icon

လင်းထက်အောင်နှင့်စောရွှေလေး(ဒိုင်ပွဲရပ်တန့်)

လင်းထက်အောင်(တောင်ကလေး)နှင့်စောရွှေလေး(ဒို့ရိုးရာ) လူငယ်နှစ်ဦးဟာ ပထမဆုံး တွေ့ဆုံမှုအဖြစ် ကျိုက္ခမီဘုရားပွဲတော်မှာ
ရွှေခါးပတ်ပိုင်ရှင်ချင်း ရွှေနှင့်ရွှေထပ်ခဲ့ကြပါတယ်။ စောရွှေလေးက လင်းထက်အောင်အပေါ် သူ့ရဲ့သန်စွမ်းလှတဲ့ ဘယ်ပေါက်လက်သီး
ဒူးခြေအပြည့်အစုံသုံးကာ ပိုမိုထိရောက်အောင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ တတိယချီမှာတော့ တရစပ်စွပ်နေတဲ့ ဘယ်ပေါက်လက်နက်စုံတွေေ
ကြောင့် ကြံ့ကြံ့ခံနေရာမှ လင်းထက်အောင်ရဲ့ ညာမေးရိုးဆီအရောက် စောရွှေလေးရဲ့ ဘယ်မြင့်ခတ်ခြေတက်ရောက်ထိမှန်ခဲ့ပါတယ်။
ဒါကြောင့် တတိယချီမှာ လင်းထက်အောင်အနားတောင်းခဲ့ရပြီး စတုတ္ထချီမှာ စောရွှေလေးကို ပြန်လည်ခုခံအားတင်းပါတယ်။
ဒါပေမယ့် ခုံဒိုင်များဆုံးဖြတ်ချက်အရ လေးချီအရောက်မှာပွဲကိုရပ်တန့်စေခဲ့တာကြောင့် အနိုင်အရှုံး
မသဲကွဲခဲ့ပါဘူး။ တောင်းဆိုသူများကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ်။