Featured Video Play Icon

စောသဲအောင်နှင့်ထိန်ချုံး တယောက်ကဖြင့်တိမ်ဖုံးသွားခဲ့လေပြီ

ဒုတိယချီတွင်းမှာ ဆိုင်ကြတော့ ထိန်ချုံးရဲ့ ဘယ်ခြေတိုင်ဆစ်ကို ကျုံးပြီးကန်ချက် လာမှန်တာက စောသဲအောင်ရဲ့ နာမည်ကျော် အပြင်ရိုက်ခတ်ခြေ။ ကန်ခံရပြီးနောက်မှပဲ လွှတ်ကနဲထွက်သွားတဲ့ ဘယ်ညာတွဲလုံးနောက်မှာ ထိန်ချုံးရဲ့ အပေါ်ပိုင်းဟာ တဖက်လူသတ်ကွင်းထဲ ကိုင်းလျက်သား ဝင်မိလေပြီ။ ကန်ပြီးသည်နဲ့ ပြန်ဆုတ်သွားတဲ့ စောသဲအောင်ဟာ လိုက်လာတဲ့ ထိန်ချုံးလက်သီးတွဲတွေကို ဂတ်ပိတ်လို့ စောင့်တယ်။ မျက်နှာပိတ်စောင့်နေရင်းမှပဲ လက်သီးနှစ်လုံးကြားကနေ ပစ်ကွင်းကို ချိန်ဆချောင်းမြောင်းလိုက်ပါသေးတယ်။ ဖိပိတ်လိုက်ရနိုးနိုး ဆုတ်ခွါသွားကောင်းနိုးနိုး တွေဝေနေတဲ့ ထိန်ချုံးဟာ စောသဲအောင်ရဲ့ သတ်ကွင်းထဲ ခြေလေးနေမိတဲ့ ထိုခဏ…. ။ ၂၀၀၀-ခုနှစ်ရွှေခါးပတ်ပွဲမှာ ထိန်ချုံးရဲ့ ပင့်လက်သီးဗျူဟာကြောင့် ကျသွားတဲ့ သိက္ခာကို ပြန်ဆယ်နိုင်ဖို့ စောသဲအောင် အားထုတ်ခဲ့ပုံပါ။