Lethwei in Japan (13) Tun Naing Oo vs Katsuki Kitano

ထွန်းနိုင်ဦးဟာ ပူပူနွေးနွေးရိုင်ရယ်-ဒီရွှေခါးပတ်၂၀၁၉ ရဲ့ (63.5kg)ချန်ပီယံသစ် ဖြစ်သလို AIR KBZ ရွှေအောင်လံပိုင်ရှင်လည်း ရထားသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံးအကြိမ် ဂျပန်မြေလက်ဝှေ့ခရီးစဉ် ဟာလည်း စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေတော့မှာပါ။ သွေးသစ်မောင်ကို အမှတ်နဲ့နိုင်ပြီး ပျော်ရွှင်နေတဲ့သူ့ရဲ့ပုံကို ရုပ်သံဖိုင်တွေမှာကြည့်ရတာကိုက အလွန်မှပဲအောင်မြင်မှုကို ငတ်မွတ်နေတဲ့ ရိုးရာလက်ဝှေ့သမားလေးတဦးဆိုတာ သိသာပါတယ်။

အခက်အခဲမျိုးစုံကြားထဲမှရိုးရာလက်ဝှေ့သမားဘဝကိုကြံ့ကြံ့ခံရေရှည်ရပ်တည်လာတဲ့STLကလပ်ရဲ့အောင်မြင်မှုအရှိန်အဟုန်ကြာမြင့်ပါစေ။ ဆလိုင်းချမ်းမြေ့ကိုနှင့် သွေးသစ်မောင်စတဲ့ပွဲကြမ်းတွေကိုဆက်တိုက်ဆိုသလိုဖြတ်သန်းခဲ့ရတာမို့ပွဲပန်းမှုအနည်းနှင့်အများရှိနေရင်းမှပဲလေ့ကျင့်မှုဆက်တိုက်မို့သတ္တိသွေးကလည်းပူပူနွေးနွေးရှိနေမှာမလွဲပါဘူး။

International Lethwei Federation Japan မှတာဝန်ယူကျင်းပတဲ့ Lethwei in Japan(13) ပွဲစဉ်ကိုရင်ဆိုင်ယှဉ်ပြိုင်ဖို့ ထွန်းနိုင်ဦး အပါအဝင် စောဆဝါး နှင့် စောဒါဝိတ်တို့မြန်မာကိုယ်စားပြု ကစားသမားများ ဂျပန်မြေကို ထွက်ခွာသွားကြပါပြီ။

အစစအရာရာအဆင်ပြေ၍ ပွဲတိုင်းအနိုင်ပိုင်းပြန်ခဲ့ကြဖို့ MLC လက်ဝှေ့စာမျက်နှာမှမရဲတရဲ မျှော်လင့်မိပြန်ပါတယ်။

#MLC
#MyanmarLethweiCollection