Lethwei In Japan (13) Saw Darwait vs Shuhei Higashi

စောမင်းမင်း၊ ရဲမာန်ဟိန်း၊ ပတ်ကျော်လင်းနိုင်၊ စောထူးဇော်၊ စောမိုက်ရိုင်းတို့ရဲ့ ပြိုင်ဘက်ကောင်း တစ်ယောက်ဖြစ်တဲ့ တောင်ကလေးအမာခံ စောဒါဝိတ် ဆိုတဲ့မောင်။ သူကလည်း သူ့နယ်တခွင်မှာ နာမည်တလုံးထင်ရှားစွာနဲ့ ရိုးရာသမိုင်းတကွေ့ ကိုကြမ်းကြမ်းတမ်းတမ်း ဖြတ်သန်းလာပြီးပါပြီ။ တောနယ်ပွဲတွေမှာ ကြမ်းကြမ်းရမ်းရမ်း ပြိုင်ထိုးဆိုင်ထိုးတာ လူသိပြီးဖြစ်သလို WLC ပွဲတွေကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ဖူးပါပြီ။

ဒီတခါတော့ ဂျပန်ကိုအရောက်လှမ်းလို့ကြမ်းပြရမ်းပြဖို့ တာဝန်ကျတာက Lethwei In Japan (12) မှာတုန်းက ဗျ ဂ ၣကို တူတူတန်တန်အကောင်းဆုံး အန်တုခဲ့ပေမယ့် ကံခေလို့ရှုံးခဲ့ရတဲ့ Higasi Shuhei ပဲဖြစ်ပါတယ်။

ဒီဂျပန်ဟာ Lehtwei In Japan ပွဲစဉ်တွေမှာတော့ Kouhei Tokeshi ပြီးရင်လူသိများသူ ဖြစ်ပါတယ်။ တင်းတင်းရင်းရင်းရှိလှတဲ့ သက်လုံတွန်းအားတွေနှင့် ရိုးရာလက်ဝှေ့ဆန်ဆန် အသဲကောင်း မာဂုဏ်မြင့်သူဖြစ်တာကြောင့် စောဒါဝိတ်အတွက် အခက်အခဲရှိသွားနိုင်သလားလို့ စိတ်ပူစရာပါ။

ဒိုင်ဆုံးဖြတ်မှုကြောင့် ဗျ ဂ ၣကို အရှုံးပေးလိုက်ရတဲ့အပေါ် အခဲမကျေစွာနဲ့ ပြန်ထိုးပါရစေဦးလို့ စိန်ခေါ်ထားတဲ့ သတင်းတွေလည်း ကြားရပါတယ်။ သူ့ရဲ့ သာလွန်တဲ့အစွမ်းတွေကို စောဒါဝိတ်နှင့်ပွဲမှာ သက်သေထင်ရှားအောင် ဖောက်ခွဲပြမှာ အသေအချာမို့ အနိုင်အရှုံးပြတ်သားတဲ့ ပွဲတပွဲဖြစ်မှာတော့ မြေကြီးလက်ခတ်မလွဲပါဘူး။

(25.7.2019) ဂျပန်ပြည်မှာ တောင်ကလေးသား တယောက် အနိုင်ရပါစေကြောင်း MLC ကဆုမွန်တောင်းပါတယ်။

#MLC
#MyanmarLethweiCollection