မြန်မာ့ရိုးရာလက်ဝှေ့ကလပ်များသို့ ကြက်သားများ အပတ်စဉ် ထောက်ပံ့

မြန်မာလက်ဝှေ့သမားများအတွက် အာဟာရပြည့်ဝရေးကို တဖက်တလမ်းမှ ကူညီနေကြသော ကုမ္ပဏီအသီးသီးအား လက်ဝှေ့စာမျက်နှာ တစ်ခုအနေဖြင့်လည်း ပီတိဖြစ်မိပါတယ်။ EBISU SHOJI Co. LTD KI ဂျပန်သဘာဝကြက်ချေးမြေသြဇာ နှင့် WLC တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရိုးရာလက်ဝှေ့ကလပ်များထံသို့ အပတ်စဉ် ထောက်ပံ့ပို့ဆောင်ပေးနေကြောင်း သိရှိရပါတယ်။ ကြက်သားဖြန့်ဝေရန် အသင်းတစ်သင်းလျှင် ကစားသမား ၅ ယောက် ရှိရင် တပတ် ကြက် ၂ ကောင်နှုန်း ၊ ကစားသမား ၆ ယောက်နှင့် ၇ ယောက် ရှိရင် ကြက် ၃ ကောင်နှုန်း ၊ ကစားသမား ၈ ယောက်မှ ၁၁ ယောက် ကြားရှိရင် ကြက် ၄ ကောင်နှုန်း ၊ ကစားသမား ၁၂ ယောက်မှ အထက် ရှိလျှင် ကြက် ၅ ကောင်နှုန်းဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်း ဖြန့်ဝေပေးနေကြောင်း သိရှိရပါတယ်။

ဘားအံအခြေစိုက်ကလပ်များရဲ့ ကစားသမားအင်အား မှာ –
၁။ တောင်ကလေး – ၁၆ ယောက်
၂။ ဇာနည်မောင် – ၁၁ ယောက်
၃။ အဲ့ကညော – ၁၁ ယောက်
၄။ ဖလုံပညာ့တဝေါင် – ၁၈ ယောက်
၅။ နဂါးမင်း – ၁၃ ယောက်
၆။ ရန်စစ်ငြိမ်း – ၁၂ ယောက်
၇။ Adventure – ၈ ယောက်
၈။ ဘိလပ်မြေစက်ရုံ – ၁၆ ယောက်
၉။ တိုက်ဂါး – ၁၆ ယောက်
၁၀။ ဇွဲကပင်မြေ – ၁၂ ယောက်
၁၁။ အောင်နိုင်သူ – ၁၇ ယောက်
၁၂။ ထူးမေတ္တာထူး – ၁၀ ယောက်
၁၃။ ရွှေဖူး – ၈ ယောက်

သထုံအခြေစိုက်ကလပ်များရဲ့ ကစားသမားအင်အား
၁၄။ ရွှေဘားလား – ၇ ယောက်
၁၅။ ဒို့ရိုးရာ – ၁၂ ယောက်
၁၆။ ရွှေသထုံ – ၁၂ ယောက်

ရန်ကုန်အခြေစိုက်ကလပ်များရဲ့ ကစားသမားအင်အား
၁၇။ တော်ဝင်ရိုးရာ – ၅ ယောက်
၁၈။ ဖိုးရာဇာ – ၅ ယောက်
ု၁၉။ ကညောသွီ – ၈ ယောက်
၂၀။ အဖြူရောင်သွေးသစ် – ၁၀ ယောက်
၂၁။ STL – ၆ ယောက်
၂၂။ ခြင်္သေ့မင်း – ၆ ယောက်
၂၃။ နဂါးမာန် – ၇ ယောက်
၂၄။ ကျားဘုရင် – ၅ ယောက်

Credit – Zay Thiha

#MLC
#MyanmarLethweiCollection