မျိုးဆက်သစ်ပွဲ တစ်ပွဲ လာပြန်ပါပြီ

မျိုးဆက်သစ်ပွဲ တစ်ပွဲ လာပြန်ပါပြီ
———————————

အရင်က ပြောနေကျလိုပဲ ယနေ့ နာမည်ကြီး လက်ဝှေ့ သမားတွေဟာ တစ်ချိန်တုန်းက ကြားပွဲတွေ လက်ရည်သွေးပွဲ တွေကို နွဲလာပြီးမှ အဆင့်ဆင့် တက်လှမ်း လာခဲ့ကြသူတွေပါ။ ရော့ ဥုံဖွ ဆိုပြီး တန်းပြီး ရောက်လာကြတာ မဟုတ်ပါဘူး။ နောက်တစ်ခုက ယခုလိုမျိုး အချိန်မှာ ကမ္ဘာ့က လာရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံခြားသား တွေကို ဒေါင်းတင် မောင်းတင် ပြန်ထိုးနိုင်တဲ့ အထက်တန်း လက်ဝှေ့ကျော်များဟာ လက်ချိုးရေတွက်လို့ ရတဲ့ အချိန်မှာ မျိုးဆက်သစ် လက်ဝှေ့ကျော်များ ပေါ်ထွန်းလာရေးဟာ အထူးတလည် လိုအပ်ချက် တစ်ခု ဖြစ်နေပါတယ်။ ယခုအခါမှာ မျိုးဆက်သစ်ပွဲတွေ မကြာခဏ ကျင်းပတာတွေ့လို့ ဝမ်းသာမိပါတယ်။ အခုလည်း မျိုးဆက်သစ်ပွဲ စီစဉ်သူ နိူင် လင်းထွန်း ဟာ သူရဲ့ ဒုတိယခြေလှမ်း အဖြစ် ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့ မိုးလုံလေလုံအားကစားခန်းမတွင် မျိုးဆက်သစ်တစ်ပွဲ စီစဉ်ပြီးပါပြီ။ မျိုးဆက်သစ်တွဲဆိုင်း ( ၁၅) ဆိုင်းတိတိပါဝင်မယ်လို့ သိရပါတယ်။ လာမယ့် ၂၈ -၇ – ၂၀၁၉ တနင်္ဂနွေနေ့လည် (2) နာရီ မှာ ကျင်းပမှာ ဖြစ်ပါတယ်။

တွဲဆိုင်းတွေ အနေနဲ့ကတော့ –
– ထွန်းမင်းလတ် (ထွန်းထွန်းမင်းကလပ်) နှင့် ပြည်နယ်နှင့်တိုင်းရွှေတံဆိပ်ဆုရှင် ရဲရင့်အောင် (YFC ကလပ်)

– ပြည်နယ်နှင့်တိုင်းရွှေတံဆိပ်ဆုရှင် ဆူးမိုက် (ခြင်္သေ့မင်းကလပ်) နှင့်
စောရေထူး (သတ္တိကလပ်)

– ဇင်မိုးဟိန်း (RAY ကလပ်) နှင့် ရဲမာန်စိန် (ဇာတိမာန်ကလပ်)

– စောခင်မောင်ထွန်း (ကညောသွီကလပ်) နှင့် အောင်သူရ (ခြင်္သေ့မင်းကလပ်)

အမျိုးသမီးလက်ဝှေ့ကျော်ပွဲစဉ်အဖြစ် –
– ချယ်ရီမောင် (YFC ကလပ်) နှင့် ပိုးပိုး (ရာဇသင်္ခကလပ်)

အခြား ကီလိုဝိတ်အငယ်တန်းများဖြစ်ကြတဲ့ တွဲဆိုင်း (10)ဆိုင်းတိတိကတော့ ဖိုးရာဇာကလပ် ၊ ခြသေ့င်္မင်းကလပ် ၊ YFCကလပ် ၊ AMT2 ကလပ် ၊ ကညောသွီကလပ် ၊ တောင်ငူကလပ် ၊ ဇာတိမာန်ကလပ် တို့မှ မျိုးဆက်သစ်ကစားသမားများ ဝိတ်တန်းအလိုက် တွဲဆိုင်းဆင်ပြီး ထိုးသတ်သွားကြမည် ဖြစ်ကြောင်း သိရပါတယ်။

Credit – နိုင်လင်းထွန်း

#MLC
#MyanmarLethweiCollection