Featured Video Play Icon

“မတစ်ထောင်တစ်ကောင်ဘွား” သီချင်းရေးဖြစ်တဲ့အကြောင်း တေးရေး တေးဆို မိုးမြင့်ထက် ပြောပြချက်

“မတစထွောငတွစကွောငဘွှား” သီခငွှးရေးဖှစတွဲ့အကှောငွး တေးရေး တေးဆို မိုးမှငွ့ထကွ ပှောပှခကွှ

“မတစ်ထောင်တစ်ကောင်ဘွား” ဆိုတဲ့ လက်ဝှေ့သီချင်း ကို ဘယ်လို ရေးဖြစ်တာလည်းဆိုတာကို လက်ဝှေ့သီချင်းတွေပဲ ရေးတဲ့ တေးရေး တေးဆို မိုးမြင့်ထက် (မန်းတက္ကသိုလ်) ကို MCL က တွေ့ဆုံ မေးမြန်းထားပါတယ်။ ပုဂံပြဇာတ်ကို သွားရောက်ကြည့်ရှုပြီးတဲ့အခါမှာ မြန်မာ့ရိုးရာလက်ဝှေ့ဟာ ပုဂံခေတ်ကတည်းက ရှိနေခဲ့တာပါ့လား ဆိုတာကို ခံစားမိသွားတဲ့ တေးရေးသူတစ်ယောက်ရဲ့ ရင်ထဲက ခံစားချက်တွေကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ပုဂံ ဘုရားအမှတ် ၁၂၅၅ ရဲ့ နံရံပေါ်မှာ လက်ဝှေ့ထိုးဟန် နံရံပန်းချီတွေဟာ အထင်အရှား ရှိနေခဲ့တာပါ။ ယခုအခါကာလမှာ ပုဂံဒေသဟာ ကမ္ဘာအမွှေအနှစ်အဖြစ် သတ်မှတ်ခံရတဲ့ အချိန်နဲ့ လည်း တိုက်ဆိုင်နေတာကြောင့် တေးရေး တေးဆို မိုးမြင့်ထက် (မန်းတက္ကသိုလ်) နဲ့ အင်တာဗျူးကို MLC က တင်ဆက်ပေးလိုက်ပါတယ်။

#MLC
#MyanmarLethweiCollection