Featured Video Play Icon

အကောင်းစား တက်လူသစ်များ (သွေးလင်းထက် နှင့် အောင်ထက်ဟိန်း)

ငယ်ရွယ်စဉ်ကတည်းက လက်ဝှေ့ထိုးပြီး အောင်လံမလဲ မှတ်ကျောက်တင်ခံထားပြီးမှ လက်ဝှေ့သမားဖြစ်လာသူတွေထဲမှာ ဒီလူငယ်နှစ်ဦးလည်း ပါဝင်ပါတယ်။ ဇွဲကပင်မြေကလပ်မှ အောင်လံများပိုင်ရှင် အောင်ထက်ဟိန်းတယောက် ဒီတပွဲတော့စာချုပ်စိန်ခေါ်ပွဲတွေကို တက်လှမ်းနေပြီဖြစ်သူ သွေးလင်းထက်နဲ့ဆုံကြပါပြီ ။
သွေးလင်းထက်ဟာအတန်းတူအစ်ကိုတွေကိုဖယ်ရှားတန်းတက်ဖို့စိုင်းပြင်းနေတဲ့လူငယ်တဦးပါ။ အရှေ့တိုးဖို့ပဲ လက်ဝှေ့ထိုးတယ် စာချုပ်ထားသလား ထင်မှတ်ရအောက်အောင် မာဂုဏ်အားထားသူလည်း ဖြစ်ပါတယ်။ ပေါ့ပါးသွက်လက်တဲ့ ထိုးဟန်အတက်အဆုတ်တွေနဲ့ ပါးနပ်လျင်မြန်သူ အောင်ထက်ဟိန်းကို သွေးတိုးစမ်းဖို့အခွင့်အရေးမှာ သွေးလင်းထက်က သူ့ပုံစံအတိုင်းပါပဲ။ ဒီတော့ အဆုတ်အတက်ရုတ်တရက်တွေကြားမှာ ထက်မြတ်တဲ့အမြင့်ခတ်ခြေနှင့်ဒူးတွေကို ခံပြရပါတော့မယ်။ သတ္တိနှင့်စွမ်းရည်ပြောရလောက်အောင်ပဲ အောင်ထက်ဟိန်းရဲ့ ဖျတ်လတ်မှုတွေနဲ့ နှိုင်းယှဉ်မိချိန်မှာ နှစ်ချီပွဲဟာ ကြည့်မဝစရာဖြစ်ခဲ့ပါတယ်။ ထွန်းတောက်လာမှာသေချာတဲ့ အကောင်စားတက်လူသစ်များ ဖြစ်တာသေချာပါတယ်။