Featured Video Play Icon

ပေါ့ပါးသွက်လက် လူငယ့်အစွမ်း (အောင်ကျော် နှင့် စိုးမိုးဟိန်း)

လူငယ်သွေးသစ်တွေက တော်ကြပါတယ်။ အများအားဖြင့် လူကြီးတွေက လက်သီးပွဲ လက်သီးနဲ့ထိုးမယ်ဆိုတာချည်း အော်ဟစ်နေတတ်ပေမယ့် သူတို့က အကွက်စုံလင်အောင်ကစားနိုင်စွမ်းပါတယ်။ ဒီပွဲကိုကြည့်မယ်ဆိုရင် ဘိလပ်မြေစက်ရုံရဲ့ သွေးသစ်လူငယ်ဖြစ်သလို အောင်လံရှင်လည်းဖြစ်တဲ့ အောင်ကျော်ရဲ့ လှုပ်ရှားမှုမြန်ပုံနှင့်တိကျသပ်ရပ်မှုက ချီးကျူးစရာပါ။ အဆုတ်အတက်ပေါ့ပါးလွန်းပြီး ထိချက်အရကောင်းပေမယ့် စိုးမိုးဟိန်း(အဲ့ကညော) ရဲ့ အနီးကပ်တံတောင်နှင့် အောက်ဒေါက်ရှင်းချက်တွေကို သတိထားခဲ့ရပါတယ်။ သတိထားရလောက်အောင်လည်း အဲ့ကညောလူငယ်စိုးမိုးဟိန်းရဲ့ အောက်ဒေါက်ဖြတ်ချက်များက ရိုးရင်းထိရောက်တယ်။ ဘယ်သန်ဘယ်သန်ချင်းဆုံတဲ့ လူငယ်နှစ်ချီပွဲက ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ချင်စရာ တင်ဆက်လိုက်ပါတယ်။