Featured Video Play Icon

တိုက်ထိုးဆိုင်ထိုး လက်သီးမိုး နှင့် စောလှမင်း (Saw Hla Min vs Letthee Moe)

ပွဲကောင်းတပွဲဖြစ်ကြောင်း “ လက်သီးမိုး” ရဲ့ထိုးချက်နှင့် တံတောင်ရိုက်ချက်တွေကိုကြည့်ပြီး သိနိုင်ပါလိမ့်မယ် “ စောလှမင်း ” ရဲ့ လက်သီးယဉ်ပြီးသား မျက်နှာပိတ်ခံစစ်နှင့် တန်ပြန်လက်သီး၊ ကန့်လန့်ဒူးလက်နက် တိကျမှုတွေဟာ ဘိလပ်မြေစက်ရုံသားရဲ့ အရည်အချင်းကို ပေါ်လွင်စေပါလိမ့်မယ်။ ခေါင်းငုံ့ခံတိုက် ထိုးတတ်သူ စောလှမင်းနှင့် အရှေ့ကိုပဲတိုး၍ထိုးတတ်သူ လက်သီးမိုးဆုံတဲ့အခါ ရေးမြို့နယ် လမိုင်းမြို့နယ်တွင်း ကော့ချကျေးရွာပွဲ ပရိသတ်တွေဟာ မျက်တောင်မခတ်ရတော့ပါဘူး။ ဒူးမြောက် လက်ပိတ်ကာဆို့ပြီး သထုံသားလက်သီးမိုးရဲ့ အားအင်တွေကို ယုံကြည်ချက်ကြီးစွာနဲ့ စောလှမင်းခံယူပြသွားပါတယ်။ အခုလို အနီးကပ်တိုက်ပွဲပုံစံကြောင့်လည်း စောလှမင်းရဲ့ ကန့်လန့်ဒူးနှင့် တန်ပြန်တိုက်ကွက်တွေကို လက်သီးမိုးက ကြည်ဖြူပေးရပြန်ပါတယ်။ ဘယ်သန်ချင်း ဘယ်သန်ချင်း ဆုံဆည်းခြင်းက တမူထူးခြား စွဲမက်စရာ ရိုးရာလက်ဝှေ့ပွဲတပွဲ ဖြစ်လာပါတယ်။ ပိုမိုတိကျတဲ့ စောလှမင်းရဲ့တန်ပြန်တိုက်ကွက်တွေအောက် ပြန်လည်ရောက်ရှိသွားသူက လက်သီးမိုးပါ။ စိတ်တိုင်းကျ တံတောင်ရိုက်ခဲ့ရပေမယ့် လက်သီးမိုးရဲ့ပြီးချေပြီးလက်ကင်းမဲ့မှုလား စောလှမင်းရဲ့ လုံခြုံတဲ့ခံစစ်ကြောင့်လား ခွဲခြားမရပါဘူး။ တဘုန်းဘုန်း တဒိုင်းဒိုင်းထိချက်တွေကြားမှာ ဒီအတွဲပွဲဟာ ပြန်လည်ကြည့်ချင်စရာ အတွဲကြီးတတွဲဖြစ်ကြောင်း ပြန်လည်မီးမောင်းထိုးပြပါရစေ။