Featured Video Play Icon

အကောင်းစား အသဲများ (Kyal Linn Aung vs Thapyay Nyo)

မလွဲချော်ချင်အောင် ကြည့်မက်စရာ အတွဲကြီးတတွဲပါ။ လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ (၂၉) ရက်၊ ၂၀၁၉ မှာ နာမည်ကျော်တောင်ကလေးကျေးရွာ ကရင်အမျိုးသားနှစ်သစ်ကူး အထိမ်းအမှတ် လက်ဝှေ့ပွဲ။ ကရင်ပြည်နယ်ရဲ့ ထိပ်သီးများဖြစ်သလို မြန်မာပြည်ရဲ့ အကျော်အမော်ဖြစ်သော သူတို့နှစ်ဦး ဆုံတွေ့ဖြစ်အောင် အကြောင်းဖန်တော့တာပါပဲ။ 2019 ကြယ်လင်းအောင်က ဘယ်လိုအခြေအနေရှိသလဲ 2019 သပြေညိုက ဘယ်လိုနေသလဲ ကြုံကြိုက်ခဲ့သည့်ပွဲ ပုံရိပ်များဖြစ်ပါသည်။ ရုံတော်တခုလုံးကိုဆွဲဆောင်နိုင်စွမ်းအပြည့်နဲ့ မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်ခဲ့ရတဲ့ပွဲဆိုလည်း မမှားပါဘူး။ သပြေညိုက ကြယ်လင်းအောင် အရမ်းဝင်တာ မခံလိုဘဲ အနင်းအတားတွေနဲ့ ခုခံကာဆီးခဲ့တာ တွေ့ရပါတယ်။ ထူးထူးခြားခြားအမြင့်ခတ်တွေအပြင် ဒူးတံတောင်ကို သုံးပြလာတဲ့ အမာတုံး ကြယ်လင်းအောင်ပုံစံသစ်ကလည်း ဆန်းပြားနေတာ မြင်ရမှာပါ။ ဘိလပ်မြေစက်ရုံရဲ့ ပတ်တံတောင်ကိုကြယ်လင်းအောင်က ခုထိ သူမဖြုံသေးကြောင်း သက်သေပြသွားသလို သပြေညိုရဲ့ တိုက်စစ်တန်ပြန်ချိန်ညှိထိုးသတ်သွားပုံတွေက သမ္ဘာကို အဓိပ္ပါယ်ဖော်သွားခဲ့ပါတယ်။ ကြီးရင့်နေပြီဖြစ်ပေမယ့် သူအချိန်မရွေး လင်းလက်နေဆဲဖြစ်ကြောင်း ကြယ်လင်းအောင်ကို ဂုဏ်တင်ရမယ့်ပွဲပါပဲ။