ပုံမှန်လက်ရည်ပြန်ရဖို့ ပွဲတွေပြန်ထိုးချင်ပြီဖြစ်ကြောင်း ရဲသွေးနီက ဖွင့်ပြောပါတယ်။ တနှစ်နီးပါးကြာမြင့်လာခဲ့တဲ့ ရိုးရာလက်ဝှေ့ပွဲများ ပိတ်ပင်ခံထားရခြင်းဟာ ခုတော့ ကရင်ပြည်နယ် ရိုးရာအားကစားလောကကို ထိခိုက်လာနေပါပြီ။ လက်ရည်ပျက်ခြင်းသာမက ရိုးရာလက်ဝှေ့သမားများ ဘဝလမ်းပျောက်မယ့်အရေး လူကြီးတွေက စိတ်ပူနေကြတာပါ။ နိုင်ငံတော်မှထုတ်ပြန်ချက်နှင့်အညီ New Normal နေထိုင်မှုပုံစံအသစ်တခုချမှတ်၍ ကျန်းမာရေးစံနှုန်းအတိုင်းလိုက်နာသော လက်ဝှေ့ပွဲများ ဖြစ်ချင်ကြသည့်အကြောင်း ကရင်ပြည်နယ် ရိုးရာလက်ဝှေ့မိသားစုက ဆွေးနွေးထားပါတယ်။
