Featured Video Play Icon

တွန်းကန်တိုက်ခိုက် ခပ်မိုက်မိုက် (Nay Lin Oo vs Saw Thar Hay)

လက်ဝှေ့သမားထွက်တဲ့ နယ်မြေကပရိသတ်တွေကတော့ ခုလိုပဲ တွန်းတိုက်ကြမ်းရမ်းတာ ကြိုက်ကြတယ်။ ငြိမ်းချမ်းရေးမောင်မောင် ဦးဆောင်တဲ့ ဇာနည်မောင်ကလပ်မှ နေလင်းဦးကခါးစည်းပြာ ဖြစ်ပါတယ်။ အမာစားတွေပဲ ရှိတတ်တဲ့ ရန်စစ်ငြိမ်းလူငယ် စောသာဟေကို နေလင်းဦးက အသာစီးတိုက်ခိုက်နိုင်ဖို့ ရုန်းကန်ခဲ့ရပါသေးတယ်။ ထုံးစံတိုင်း ဇာနည်မောင်ကလပ်ရဲ့ လက်သီး၊ ခြေ၊ ဒူးတံတောင်ကို ရန်စစ်ငြိမ်း စောသာဟေက မဖြုံပြပါဘူး။ ဒါပေမယ့် အကင်းပါးပြီး သွက်လက်တဲ့ နေလင်းဦးရဲ့ မထင်မှတ်သော ခေါင်းဆောင့်ချက်တွေကိုတော့ စောသာဟေ မခံနိုင်ခဲ့ပါဘူး။ အခုရှုစားရမယ့် လေးချီပွဲကြမ်းတပွဲကို လှိုင်းဘွဲမြို့နယ် သာယာကုန်းကျေးရွာ ဆရာတော်ဈာပနပွဲမှာ တင်ဆက်ခဲ့ကြတာပါ။ အရိုင်းဆန်တယ်ပြောရမယ့် ကျေးလက်သားတို့ရဲ့ ရိုးရာလက်ဝှေ့ဟန်ပန်ကို ထင်ဟပ်စေမှာပါ။ ဒီယူကျုချန်နယ်လေးမှာ ပွဲစုံတင်ဆက်နိုင်ဖို့ subcribe လုပ်ပေးရန်လည်း မမေ့ကြပါနဲ့ခင်ဗျာ