Featured Video Play Icon

သွေးသစ်ဝင်းလှိုင်(မြန်မာ) နှင့် ဘွန်ပလာ(ထိုင်း) (เลทเหว่ย VS มวยไทย)

သွေးသစ်ဝင်းလှိုင်က အစ်ကျူစံကို အလဲထိုးပြပြီးနောက် ဒေးနပ်ခွန်း(ခ)ဘွန်ပလာက သွေးသစ်အောင်နဲ့ သရေကျပြီးနောက် နှစ်ပတ်ကျော်အကြာမှာတော့ သွေးသစ်ဝင်းလှိုင်နှင့် ဘွန်ပလာ အလှည့်ကျသွားပါတယ်။ ဘောင်းဘီတမမနဲ့ လျင်မြန်တဲ့ ဘယ်ပေါက်လက်သီးအဖြောင့်အထောက်စုံအောင် ဝင်းလှိုင်ထိုးသွားပါတယ်။ လက်ဝှေ့သမားထဲမှာ ရှားရှားပါးပါး ခေါင်းဆီအရောက်ကန်သွင်းလိုက်တဲ့ သွေးသစ်ဝင်းလှိုင်ရဲ့ ပညာခန်းတွေကို အကောင်းဆုံးမာန်တင်း တုံ့ပြန်သွားသူက ဘွန်ပလာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဘွန်ပလာဟာ သူ့ရဲ့ လက်ဝှေ့သမားဆန်တဲ့ ခပ်မိုက်မိုက် ခပ်ကြမ်းကြမ်း စိတ်ဓာတ်နှင့် မာဂုဏ်တွေကို ထုတ်ပြသွားနိုင်ခဲ့ပါပြီ။