Featured Video Play Icon

ထွန်းလွင်မိုး (နှင့်) တောင်ဝင်ဧရာရဲ့အိပ်မက် (Tun Lwin Moe)

စားစရာထမင်းမရှိတောင် အထွန်းရဲ့ပွဲဟောင်းပြန်ကြည့်ပြီး ထမင်းမြိန်တတ်ကြတယ် တဲ့။ ဒီစကားကိုဖွင့်ပြောတဲ့ ထွန်းလွင်မိုးဖခင် ဦးဌေးနိုင်တို့ဆီကို အလည်ရောက်ရင် တော်ဝင်ဧရာကလပ် အုပ်ချုပ်သူရဲ့စကားက မလွန်ဘူးဆိုတာ သိနိုင်ပါတယ်။ ဦးဌေးနိုင်ဟာ အကြီးဆုံးသားကို ငယ်စဉ်ကတည်းက အရိပ်တကြည့်ကြည့်ပျိုးထောင်ခဲ့ပါတယ်။ လေးချီပွဲအပါအဝင် ပွဲပေါင်း (၆၀) လောက် ထိုးပြီးနောက်မှာတော့ ရန်ကုန်ကလပ်တခုဖြစ်တဲ့ နဂါးမာန်ဆီမှာ ထွန်းလွင်မိုး(နဂါးမာန်)ရယ်လို့ ဘဝပြောင်းပေးလိုက်နိုင်ပါတယ်။ ထူးချွန်တဲ့ ထွန်းလွင်မိုးရဲ့ ကြိုးစားမှုတွေကြောင့် ဂျပန်နိုင်ငံ ထိုင်းနိုင်ငံထိ ထွန်းပေါက်ခဲ့ပေမယ့် သူ့အိပ်မက်တွေ အကြာကြီးမသာယာခဲ့ပါဘူး။ ပင်လယ်ကမ်းနံဘေးရွာမှာ အမိုးအကာမပြည့်စုံလည်း ပွဲဟောင်းတွေပြန်ကြည့်ရင်း ပြီးပြည့်စုံနေဆဲပဲလို့ ဆိုပြန်ပါတယ်။ အဖေတယောက်ရဲ့ ခံစားချက်(သို့မဟုတ်) လက်ဝှေ့စွမ်းရည်နဲ့ မိသားစုဘဝကို မြှင့်တင်ချင်သူရဲ့ ဇွဲနဘဲကတော့ ပြင်းထန်နေဆဲပါပဲလေ။ မျက်လုံးအစုံထိခိုက်ခဲ့ရတဲ့ သားကြီးကို သင်ခန်းစာယူပြီး နည်းပြထွန်းလွင်မိုးနှင့်အတူ တော်ဝင်ဧရာအသင်းသားတွေ ရှေ့ဆက်နေကြဆဲပါ။ မျက်လုံးပျက်စီးနေတဲ့ကြားမှာပဲ ရွှေခါးပတ်ချန်ပီယံ စောမင်းနိုင်(ရွှေဘားလား)ကို ထွန်းလွင်မိုးတယောက် မလွဲမရှောင်သာဘဲ​ ရင်ဆိုင်ပြခဲ့ပါသေးတယ်။ ဒါ့အပြင် မာစတာ (အွန်လိုင်းလက်ဝှေ့) သင်တန်းမှ ကြီးမှူးတဲ့ လက်ဝှေ့ရေး(ယိမ်း) ပြိုင်ပွဲကို သား(၃)ဦးစလုံး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်တဲ့။ တဆက်တည်းမှာ ထွန်းလွင်မိုးကလည်း တော်ဝင်ဧရာတွက် အားကစားပစ္စည်းတွေ လိုအပ်ကြောင်း ပရိသတ်တွေထံ သတင်းစကားပါးရင်း ကူညီစေချင်ကြောင်း မေတ္တာရပ်ခံလာပါတယ်။ ရိုးရာလက်ဝှေ့ အသွေးအသားတွေနဲ့ စုချည်တည်ဆောက်ထားတဲ့ ဒီလက်ဝှေ့မိသားစုလေးဆီ ကျနော်တို့ MLC က ခေတ္တအလည်ခေါ်သွားပါရစေ။