Featured Video Play Icon

လက်ဝှေ့သရုပ် ပြကွက်များနဲ့ ကမ္ဘာကိုဆွဲဆောင်ချင်သူ

လက်ဝှေ့လောကမှာ လူသိများတဲ့ ဒေါင်းမျိုးဆက်တခုရဲ့ ဆရာကြီးဦးဒေါင်းညိုဟာ သူ့ရဲ့ ဆရာအကိုဖြစ်ပါတယ်။ လေးတန်းကျောင်းသားဘဝကတည်းက တိုက်ခိုက်ရေးကို လေ့လာခဲ့တယ်လို့ လက်ဝှေ့အမည် မနုဿ(တွံတေး) ကဆိုပါတယ်။ ပွဲပေါင်း (၁၅၀) ဝန်းကျင်ထိုးခဲ့ဖူးပြီး ဆယ်ချီပွဲခေတ်ကတည်းက ရှုံးပွဲမရှိသလို အလဲထိုးနိုင်ပွဲများသာ ရရှိခဲ့ကြောင်း သူ့သမိုင်းကို လက်ရှိဘဝမှာ Master Online လက်ဝှေ့သင်တန်းဆရာ ဆရာဦးဆန်းဌေးက MLC ကိုပြောပြပါတယ်။ သူဟာ 2014 မှာ စိုးလင်းဦးနှင့်ရန်ကြီးအောင်၊ 2015 မှာ ဖျံသွေးနှင့်ရှမ်းကိုတို့ကို ဦးဆောင်ပြီး တောင်ကိုရီးယားနိုင်ငံမှာလုပ်တဲ့ ကမ္ဘာ့ကိုယ်ခံပညာပွဲတော်ကို တက်ရောက်သရုပ်ပြခဲ့ပါတယ်။ ဒါ့အပြင် လက်ဝှေ့နည်းစနစ်အခြေခံ ပြည့်ဝတဲ့ ဆရာမနုဿ(ခ) ဦးဆန်းဌေးဟာ ကိုရီးယားနိုင်ငံ ကမ္ဘာ့ကိုယ်ခံပညာ အဖွဲ့အစည်းမှ ဖိတ်ခေါ်သော “ နိုင်ငံတကာ ရိုးရာကိုယ်ခံပညာသင်တန်း” ကို အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိအနေနဲ့ (၁)နှစ်ကျော် သွားရောက် ဆည်းပူးခဲ့ပါသေးတယ်။ နိုင်ငံတကာ ပြိုင်ပွဲများကို အမှတ်ပေးဒိုင်အဖြစ် တာဝန်ထမ်းခဲ့သလို World Taekgyeon Games မှာလည်း ရွှေတံဆိပ်ကို ဆွတ်ခူးခဲ့ပါတယ်။ ဆရာဟာ သူ့ရဲ့ ရိုးရာလက်ဝှေ့အတွက် အားထုတ်မှုမှတ်တိုင်တခုအနေနဲ့ ဖေဖေါ်ဝါရီလမှစလို့ ကိုဗစ် Stay Home ကာလတွင်း ကျန်းမာရေးအထောက်အကူပြု ရိုးရာလက်ဝှေ့အွန်လိုင်းသင်တန်းဖွင့်ခဲ့ပါတယ်။ ဆရာမနုဿ(တွံတေး)ရဲ့ အားထုတ်မှုအတွက် World Martial Arts Union စာစောင်မှာ မကြာသေးခင်ကပဲ ဂုဏ်ပြုဖော်ပြလိုက်ပါပြီ။ လက်ရှိကတော့ ဒီဇင်ဘာ (၂၀) ရက်အထိ နောက်ဆုံးထားပြီး ဗွီဒီယိုဖိုင်ပေးပို့ ယှဉ်ပြိုင်ရမယ့် Master မြန်မာ့ရိုးရာလက်ဝှေ့ယိမ်း(ရေး) online အလွတ်တန်းပြိုင်ပွဲကို ဦးဆောင်နေပြန်ပါပြီ။ လက်ဝှေ့ယိမ်းနှင့်လက်ဝှေ့ရေး စကားလုံး ဝိဝါဒကွဲပြားမှုအပေါ် ဆရာမနုဿ(တွံတေး)ကတော့ ပွဲဖြစ်ဖို့သာ အရေးကြီးတယ်လို့ တုံ့ပြန်လာပါပြီ။ ထိုးနိုင်ခံနိုင်စွမ်းရုံနဲ့မပြီးဘဲ လက်ဝှေ့ကို ကမ္ဘာ့အဆင့်ထိုးဖောက်ရာမှာ လူအများစိတ်ဝင်စားမယ့် ဖျော်ဖြေမှုဆန်ဆန် သရုပ်ပြကွက်တွေ လိုအပ်ကြောင်း အပြည့်အစုံ ဆွေးနွေးထားပါတယ်ခင်ဗျာ။ ဆရာမနုဿဟာ မာစတာ အမည်ရှိ အွန်လိုင်းလက်ဝှေ့ကလပ်ကို အရှိန်ပြင်းပြင်း ဦးဆောင်နေပြီး သူ့တပည့်တွေ ရိုးရာလက်ဝှေ့စင်ပေါ်မှာ လက်တွေ့အစွမ်းပြနိုင်ဖို့ တက်ကြွနေသူလည်း ဖြစ်ပါတယ်။ အခုတော့ သင်ဟာ ဝါသနာရှင်တဦးဆိုရင် လေးကင်းသံဆိုင်းနောက်ခံများနဲ့ လက်ဝှေ့ရေး(သို့)လက်ဝှေ့ယိမ်း ပြကွက်များကို အွန်လိုင်းမှတဆင့် ပြိုင်ပွဲဝင်ပေးပါဦး။ လက်ဝှေ့သရုပ်ပြကွက် ရုပ်သံဖိုင်များကို အောက်ပါလင့်ခ်အတိုင်း ပေးပို့ပြီး ပြိုင်ပွဲဝင်လို့ရနေပါပြီ။ ဗွီဒီယိုပေးပို့ရန် မာစတာသင်တန်းဂရု – https://web.facebook.com/groups/30423… ဆရာမနုဿ(တွံတေး) ဖေ့ဘွတ်အကောင့် – https://web.facebook.com/koko.htay.965/