2020 World Lethwei Awards (Vote Now)

World Lethwei Awards (2020)
*****************************
World Lethwei Awards ဟု အမည်ပြုထားတဲ့ ဂုဏ်ပြုဆုများကို ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများမှာပါမကျန် ကမ္ဘာ့အဆင့်မီမြန်မာ့လက်ဝှေ့ပွဲများ ကျင်းပနေတဲ့ WLC (World Lethwei Championship) အဖွဲ့ကြီးက 2020 ခုနှစ်တနှစ်တာအတွက် ရွေးချယ်ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။ 2020 ခုနှစ်ရဲ့နောက်ဆုံးလ Sweet December အစမှာပဲ coronavirus သတင်းများအကြား အခုလို ဂုဏ်ပြုဆုများချီးမြှင့်မယ့် သတင်းတခု စိတ်ဝင်စားဖွယ်ထွက်ပေါ်လာခဲ့ပါတယ်။ အကောင်းဆုံး Fighter of the Year (2020) အပါအဝင် အခြားသော ကဏ္ဍအသီးသီးတွက် ဂုဏ်ပြုဆုများလည်း ပါဝင်ပါသေးတယ်။ အဆိုပါဆုများအတွက် ပရိသတ်များကိုယ်တိုင် ဝင်ရောက်မဲပေးရွေးချယ်နိုင်မှာပါ။ ဝင်ရောက်ရွေးချယ်နိုင်မယ့် WLC အင်တာနက်လိပ်စာကတော့ www.wlc.com.mm ပဲ ဖြစ်ပါသည်။ နောက်ဆုံးရက်အဖြစ် ဝင်ရောက်မဲပေးရွးချယ်နိုင်မယ့်ရက်ဟာ ဒီဇင်ဘာလ (၁၂) ရက်နေ့ထိသာ ဖြစ်ကြောင်း WLC ကကြေငြာထားပါတယ်။ “ Fighter of the Year” ဆုအပြင် ချီးမြှင့်ရွေးချယ်သွားမယ့် အခြားဂုဏ်ပြုဆုတွေကတော့ –
Female Fighter of The Year (တနှစ်တာအကောင်းဆုံး အမျိုးသမီး တိုက်ခိုက်ရေးသမား)
International Fighter of The Year (တနှစ်တာအကောင်းဆုံး နိုင်ငံတကာတိုက်ခိုက်ရေးသမား)
Breakthrough Fighter of The Year (တနှစ်တာ အတိုးတက်ဆုံးတိုက်ခိုက်ရေးသမားဆု)
Newcomer of The Year (တနှစ်တာအကောင်းဆုံး လူငယ်သွေးသစ်ဆု)
Knockout of The Year (တနှစ်တာအကောင်းဆုံး အလဲထိုးဆု)
Fight of The Year (တနှစ်တာအကောင်းဆုံးတိုက်ခိုက်ပွဲဆု)
Comeback of The Year (တနှစ်တာအကောင်းဆုံး တကျော့ပြန်ဆု)
Upset of The Year (တနှစ်တာ အံ့အားသင့်ဖွယ်အကောင်းဆုံးဆု) တို့ဖြစ်ပါသည်။
ဆက်လက်ပြီးတော့ မဲပေးရွေးချယ်ရာမှာ မဟုတ်သော်လည်း ဂုဏ်ပြုသွားမည့် တနှစ်တာထူးချွန်ဆုတွေကတော့
Event of The Year (တနှစ်တာ အကောင်းဆုံးပွဲစဉ်)
Winner Celebration of The Year (တနှစ်တာအကောင်းဆုံး အောင်ပွဲခံဆု)
Coach of The Year (တနှစ်တာ အကောင်းဆုံးနည်းပြဆု)
Referee of The Year (တနှစ်တာ အကောင်းဆုံး ဒိုင်လူကြီးဆု)
Journalist of The Year (တနှစ်တာအကောင်းဆုံး သတင်းစာဆု) တို့ဖြစ်သည်။
WLC က နှစ်စဉ်ရွေးချယ်ပေးအပ်သော တစ်နှစ်တာအကောင်းဆုံးဆုများသည် ကမ္ဘာ့အဆင့်ဖိုက်တာများ၊ ပွဲကြီးကြပ်သူများနှင့် နည်းပြများ၏ မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့အဆင့်သို့ရောက်ရှိရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို ဂုဏ်ပြုပေးအပ်ခြင်းဖြစ်သည်။
တစ်နှစ်တာအကောင်းဆုံးဆုများ ဂုဏ်ပြုပေးအပ်မည့်အပေါ် WLC ဥက္ကဌ ဦးဇေသီဟက “ WLC ရဲ့ အကောင်းဆုံး ထိပ်တန်းကစားသမားတွေ၊ နည်းပြတွေနဲ့ ကြိုးဝိုင်းဒိုင်တွေကို တစ်နှစ်တာအကောင်းဆုံးဆု ချီးမြှင့်ပေးအပ်ရမယ့်အတွက် အရမ်းဝမ်းသာပါတယ် သူတို့ရဲ့လုပ်ဆောင်ချက်တွေကြောင့် မြန်မာ့လက်ဝှေ့က ကမ္ဘာမှာ ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံးအားကစားဖြစ်လာတာပါ ဒီနှစ်မှာတော့ မြန်မာ့ရိုးရာလက်ဝှေ့ကို အရူးအမူးအားပေးကြတဲ့ပရိသတ်တွေကလည်း အကောင်းဆုံးလို့သူတို့သတ်မှတ်ထားတဲ့ ကစားသမားတွေအတွက် မဲပေးရွေးချယ်ခွင့်ရမှာပါ” ဟု ပြောသည်။
စိတ်ပါဝင်စားတဲ့ မြန်မာပရိသတ်များအနေနဲ့ ဒီဇင်ဘာလ (၁၂) ရက်နေ့ထိ ဖော်ပြပါ အင်တာနက်လိပ်စာအတိုင်း ဝင်ရောက်ရွေးချယ်ပေးကြဖို့ တိုက်တွန်းပါရစေ။
ဝင်ရောက်ရွေးချယ် မဲပေးရန် > www.wlc.com.mm
(ဂုဏ်ပြုဆုများကို မြန်မာပရိသတ်များအလွယ်တကူ သိသာအောင် ဘာသာပြန်ရာမှာ အားနည်းချက်များ ရှိနိုင်ပါသည်။ ပိုမိုကောင်းမွန်သောမှတ်ချက်များ အပြုသဘော ရေးသားရစ်ကြဖို့ တောင်းဆိုပါရစေ)
Source – WLC (World Lethwei Championship)