Featured Video Play Icon

တချီတွင်းပွဲပြတ်(စောချစ်သဲ နှင့် တက်လူနိုင်)

အောင်လံပွဲများမှာ ပွဲကြမ်းတတ်တဲ့ ရွှေဖူးကလပ်က စောချစ်သဲတယောက် ဒီတပွဲမှာ ခပ်မြန်မြန်ပဲ ပွဲဖြတ်ပြပါတယ်။ လူလေးနာမည်နဲ့ ခုံဒိုင်ကအော်နေတဲ့ တက်လူနိုင်ကတော့ ပွဲရက်ကပ်မှ ကျန်းမာရေးချို့ယွင်းနေခဲ့တယ်လို့ အကူလူများက ပြောတာကြားရပါတယ်။ စင်ပေါ်မှာမြင်ရတာတော့ စောချစ်သဲရဲ့ ပြင်းထန်တဲ့ ဘယ်ညာကန်ချက်တွေ ဘယ်နေရာထိထိ တက်လူနိုင်တယောက် ရင်ဆိုင်တန်ပြန်ဖို့ ခွန်အားမရှိနေပါဘူး။ ပထမချီမှာပဲ အောက်ကိုပြိုကျတုန်း အပိုင်တိုက်တဲ့ ဒူးဒဏ်ကြောင့် အနားတောင်းရပါတယ်။ ပထမအချီကိုပြန်ဖြည့်စဉ်မှာလည်း စောချစ်သဲဟာ တက်လူနိုင်ထက် အစစရာရာ သာလွန်တဲ့ အင်ပြည့်အားပြည့်ကန်ချက်တွေနဲ့ အမြန်ဆုံး ပွဲသိမ်းခဲ့သော ဘုရားသုံးဆူမြို့မှ ပွဲလေးတပွဲပါ။ ပြန်ကြည့်ရအောင်။