Featured Video Play Icon

ချန်ပီယံ၏ခြေပျံများနှင့် ရွှေဖူးတဲ့လက်သီးတွဲများ(Nya Yine vs Saw Tharnge)

ရွှေခါးပတ်ချန်ယီယံလူငယ်ရဲ့ ခြေကန်ချက်တွေက လန်ထွက်နေအောင်သပ်ရပ်သလို ကြောက်စိတ်မပါလာတဲ့ စောသားငယ်ရဲ့ အတင်းဝင်အတင်းထိုး စစ်ခင်းပုံကလည်း တုန်လှုပ်စရာပါ။ ရွိုင်ရယ်ဒီရွှေခါးပတ်ချန်ပီယံပွဲမှာ သိန်းစိုးရဲ့ သမ္ဘာဝါနှင့် အမှားနည်းတဲ့အမှတ်ယူကစားပုံတွေကြောင့် ထပ်ဆင့်ချန်ပီယံမဖြစ်ခဲ့သူဟာ လူသိနည်းတဲ့ ဘုရားသုံးဆူမြို့ ဓမ္မဟေဝန်ကလပ်ရဲ့ အသဲကျော်လူလေးဖြစ်ပါတယ်။ နရိုင်း(ခ) သန့်စင်ထူးပါ။ သက်လုံပိုင်းလျော့ရဲနေတာ ပွဲဝေးသူပီပီသဘာဝကျပါတယ်။ စောသားငယ်ကတော့ ပြတ်ပြတ်သားသားထိုးချလိုက်ဖို့ ဝင်တိုးဝင်ခတ်ဖို့ အမြဲအသင့်ရှိခဲ့တယ်။ စောသားငယ်ရဲ့ လမ်းကြောင်းစုံတဲ့လက်သီးချက်တွေကြားမှာ နေရိုင်းတယောက် ကြံ့ကြံ့ခံရင်း နာမည်ကျော်ခြေပျံများနဲ့ တုံ့ပြန်ခြင်းတွေက ကြည့်ကောင်းလှတဲ့ ပွဲတပွဲဖြစ်စေခဲ့ပါတယ်။ နှစ်ဦးစလုံးလက်ခြေစုံတဲ့ တိုက်ခိုက်နိုင်ခြင်းစွမ်းရည်တွေကြောင့် (၃)ချီပွဲဟာ ထိချက်မစဲပါဘူး။ နှစ်သက်ရှုချင်စရာပွဲတပွဲ ဘုရားသုံးဆူမြို့မှာ ကျင်းပခဲ့တာကို ပြန်တင်ပေးလိုက်ပါပြီဗျား