Featured Video Play Icon

ရွှေဖူးမျိုးဆက်စောကျော်ကေ(နှင့်)ဓမ္မဟေဝန်ကျောက်ရိုင်း

အထိုးကောင်းအကန်ကောင်း ကြည့်ကောင်းတဲ့လူငယ်ပွဲတပွဲက ကိုဗစ်ကပ်ကာလမတိုင်မီ စပ်ကြားမှာ ဖြစ်ပွားခဲ့ပါတယ်။ လူငယ်လက်ဝှေ့သမားတွေထဲမှာ နာမည်တလုံးထင်ရှားလာနေပြီဖြစ်တဲ့ စောကျော်ကေဟာ ဘုရားသုံးဆူဆိုတဲ့ နယ်စပ်မြို့လေးမှာလည်း နယ်ခံကျောက်ရိုင်းကို ခုလိုပဲစမ်းသပ်မှု ပြုလုပ်ခဲ့ပါတယ်။ ကျောက်ရိုင်းရဲ့ ဖြတ်ထိုးအမြင့်ကန် တိုင်မင်မှန်တဲ့ အခြေခံလက်ဝှေ့ရေးကလည်း ထူးခြားပါတယ်။ ပညာတူလူရည်မျှတယ်ပြောရမယ့် ဒီပွဲမှာ အောက်ခြေပိုင်းအားနည်းချက်ကို စောကျော်ကေက မိမိရရအသုံးချခဲ့ပါတယ်။ ပွဲဆက်ကာလ လွန်မြောက်ပြီး ဒဏ်ရာကင်းစင်ချိန်ကြရင် ဒီနှစ်ယောက် ပြန်တွေ့စေချင်ပါသေးတယ်