Featured Video Play Icon

ကချင်မြေမှပွဲကောင်းတပွဲ

ရွှေသွေးရဲ့ သူ့ပြိုင်ဘက်အပေါ် ထီမထင်တဲ့ ရဲရဲဝင်ရဲရဲတိုက်ဟန်က သတ္တိရှိလှပါတယ်။ ကျားဖြူဇွဲနိုင်ရဲ့ညာအမြင့်ကန်ချက်က ရွှေသွေးလည်တိုင်ပေါ် တဒိုင်းဒိုင်းနဲ့ ထိနိုင်ပေမယ့် ခြိမ်းခြောက်နိုင်စွမ်းမရှိလှဘူး။ သွက်သွက်စိပ်စိပ်ရှိလှတဲ့ ရွှေသွေးရဲ့အဝင်နဲ့ဇွဲနိုင်ရဲ့ အမြင့်စောင့်ကန်တံတောင်ခံပုံတွေကြောင့် ပွဲကမြိုင်လှပါတယ်။ လေးချီစိန်ခေါ်ပွဲတပွဲဖြစ်ပြီး ရတနာထိုက်မယ့်သတ္တိအသဲ (ကချင်ပြည်နယ်၊ ဆိုင်းတောင်ဆိပ်မူပွဲ) ပွဲစဉ်များအနက် လက်ရည်မျှပြီး နှစ်သက်စရာအတွဲတတွဲအဖြစ် ပြန်လည်ကြည့်ရှုရအောင်ပါ။