Featured Video Play Icon

(၃) သိန်းတိုက်ပွဲ

သုံးချီမြောက်ရောက်ရင်တော့ မိုးထဲရေထဲရောက်ပါပြီ။ သတ်လုံးသတ်ပေါက်စုံလင်ဖို့ဆိုတာထက် အကြိုဗိုလ်လုပွဲတွေမှာ အနာနည်းခဲ့သူ ပွဲချောင်ခဲ့သူ သက်လုံပိုပြည့်ဝသူက အောင်ပန်းဆင်ဖို့ အခွင့်အလမ်းပိုများပါတယ်။ နင်လားငါလား ရှိသမျှအားအင်ချင်း ပွင့်လင်းမြင်သာအောင် ထုတ်ပြရမယ့်အချိန်က အောင်လံပွဲများရဲ့ ဗိုလ်လုပွဲနောက်ဆုံးအချီပါ။ နည်းစနစ်တွေထက် မာဂုဏ်သက်လုံကို ရာခိုင်နှုန်းခပ်များများ ဦးစားပေးတယ်ဆိုနိုင်တဲ့ ရိုးရာပွဲများဟာ ခုထိတိုင် တောနယ်တွေမှာ လူကြိုက်များဆဲပါ။ မထင်မရှားလူသိမများပေမယ့် ဒီမောင်တွေလိုရိုးရာကျားပေါတဲ့ ကရင်ပြည်နယ်မှာ သတ္တိသက်လုံမာဂုဏ်အရင်းပြုုတဲ့ပွဲတွေ မဆိတ်သုဉ်းသေးပါဘူး။ ဒီထဲကမှ သုံးသိန်းရိုးရာအောင်လံပွဲတပွဲရဲ့ ရိုးရာပုံရိပ်တွေကို အလွမ်းဖြေနိုင်ပါတယ်။