Featured Video Play Icon

မုန်တိုင်းတွဲများအလွမ်းပြေ(Tun Tun Min-Lethwei vs Kron-Muaythai)

ထွန်းထွန်းမင်းအလွမ်းပြေပြန်ကြည့်ပေးပါ။ သို့မဟုတ် တချိန်က အပြင်းထန်ဆုံးတွဲလုံးတွေနဲ့ ပြိုင်ဘက်အပေါ် ဖိဖိစီးစီးတိုက်ခိုက်ရာမှာ အားရစရာကောင်းတဲ့သူကို ပြန်လွမ်းနေမိတာပါ။ လူကောင်ကြီးသလို နာမည်ကြီးကြီးချန်ထားရစ်နိုင်ခဲ့တဲ့ မြန်မာပြည်ရောက် မွေထိုင်းတွေထဲမှာ ” ခရွန် ” ဆိုသူတယောက်လည်း အပါအဝင်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် မကြည့်ရသေးသူတွေက ဒီပွဲသာကြည့်သင့်ပါတယ်။ ထွန်းထွန်းမင်းမို့သာ မဖြုံဘဲ မယိမ်းမယိုင် ရှိနိုင်ခဲ့ပေမယ့် သူ့ရဲ့ခြေသလုံးရိုးကြီးတွေနဲ့ အကန်ခံရခြင်းဟာ သာမန်ဒုက္ခမျိုး မဖြစ်နိုင်ပါ။ တွေ့မရှောင်ဆိုလို လက်ဝှေ့သူရဲကောင်းကို မညှာမတာ လူကောင်ကွာနေတဲ့ကြားထဲက ကန်ထုတ်လိုက်တဲ့မြင်ကွင်းတွေ လက်ဝှေ့ပါဝသနာရှင်တွေ စွဲထင်နေဆဲ ဖြစ်နိုင်ပါတယ်။ တူးတူးနဲ့လည်း ထိုးဖူးပြီး စိုးလင်းဦးနဲ့လည်း ထိုးဖူးပြီး လက်ဝှေ့ထိန်တန်းတွေအကုန် သူရင်းနှီးခဲ့တာ အချိန်တိုအတွင်းမှာပါပဲ။ တိကျသေသပ်တဲ့ တွဲလုံးတွေကို ဒီပွဲမှာ ထွန်းထွန်းမင်းကို ထိအောင်လုပ်ပြခဲ့ပေမယ့် အသဲပါမှဖြစ်မယ့် ကြိုးဝိုင်းထဲမှာတော့ ဖြစ်စဉ်က မထင်မှတ်ထားခဲ့ပါဘူး။