Featured Video Play Icon

မသန်ပေမယ့် မာတဲ့သူ

အိန္ဒုမောင်မောင်လို ဝိတ်တန်းမရှိတာကြောင့် နိုင်ငံကျော်မဖြစ်ခဲ့ပါဘူး။ ကရင်ပြည်နယ် လက်ဝှေ့အသိုင်းအဝိုင်းထဲမှာတော့ ဇာနည်အောင်ကလည်း နာမည်တလုံးနဲ့ လူသိများတဲ့သူပါ။ အများနဲ့ သိသာကွဲပြားအောင် သေးသိမ်နေတဲ့ခြေအစုံနဲ့လက်ဝှေ့မောင်ဟာ သထုံနယ်ကလာတဲ့ ဒို့ရိုးရာကလပ်က လက်ဝှေ့မောင်ကို သူ့ရဲ့ နယ်ခံရွာလေးမှာ သတ္တိနဲ့ ဧည့်ခံပါတယ်။ ဒါ့အပြင် နှစ်ဦးလုံးသော လက်ဝှေ့လူငယ်များဟာ မထင်မရှားဖြစ်ပေမယ့် သူတို့မှာ ရိုးရာက်ဝှေ့ရဲ့ ထင်ရှားတဲ့ လက်နက်တခုဖြစ်တဲ့ တံတောင်ကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်စွမ်း ပြခဲ့ကြတာကတော့ ချီးကျူးစရာကောင်းလှပါတယ်။ ကပ္ပလီနယ်သား ဇာနည်အောင်ရဲ့ တံတောင်နှင့် ရဲမာန်အောင်ရဲ့ တံတောင်ချင်းဆိုင် အစွယ်ချွန်ပြိုင်ကြတဲ့ပွဲပါပဲ။ သေးသိမ်နေပေမယ့် သူ့ခြေအစုံ ဘယ်လောက်သန်တယ်ဆိုတာ ဇာနည်အောင်က ဗလာဒူး ချုပ်ဒူးများနဲ့ စွမ်းပြပါတယ်။ ပညာတူအရွယ်တူလူငယ်နှစ်ဦး ပညာပြိုင်မှုဟာ သက်လုံကောင်းလို့မာဂုဏ်ပါလာ မှ အဖြေထွက်မယ့်ပွဲမျိုးပါ။ ခုံဒိုင်များက နောက်တချီထပ်ထိုးဦးမလား တောင်းဆိုခဲ့ရတဲ့ပွဲလည်း ဖြစ်ပါတယ်။ အိန္ဒုမောင်မောင်နဲ့ အလားတူ ခြေထောက်မျိုး ပိုင်ဆိုင်ထားပေမယ့် အရွယ်တူရင် စွမ်းပြဖို့ အသင့်ရှိနေတဲ့ ဇာနည်အောင်ဆိုတာ ဒီမောင်ပါပဲ။