Featured Video Play Icon

အထိုးအခတ် ကျိုးပြတ်မယ့်အား ( အောက်ချင်းသွေး နှင့် အောင်ဟိန်း )

အားနှင့်မာန်နဲ့ တိုက်ပွဲဝင်တတ်တဲ့ မောင်နှစ်ဦး ပန်းတနော်မှာဆုံပါတယ် ဒါကြောင့်လည်း လွှတ်တာနဲ့ ပွဲကြမ်းတပွဲဆိုတာ သိလိုက်ပြီး ခုံဒိုင်ဦးဒေါင်းနီရဲ့အသံတွေ အားရစွာထွက်လာပါတယ်။ အောင်ဟိန်းက လုံးဝစိတ်မရှည်ဘဲ အတင်းဝင်ထိုးဖို့ တိုက်စစ်အဖွင့်ကကြမ်းလှတယ်။ အောက်ချင်းသွေးကတော့ တိုင်မင်ဖမ်းပြီး အားကုန်လွှဲထိုးနိုင်ဖို့ လက်သီးနှစ်လုံးကို ပြင်ဆင်ပြီးစောင့်ထိုးလိုက် အောက်ခြေသိမ်းချလိုက်ပုံစံမျိုးနဲ့ ပွဲထွက်ပါတယ်။အတင်းဝင်အတင်းထိုး သူ့ဟန်အတိုင်း ရဲရဲဝင်လာနေတဲ့အောင်ဟိန်းကို အောက်ချင်းသွေးက သတိကြီးစွာထားပြီး ခုခံတန်ပြန်နေရပါတယ်။ ပထမချီမှာပဲ အောင်ဟိန်းလက်သီးတွေကိုတော့ အောက်ချင်းသွေးက သူမဖြုံကြောင်းခံပြလိုက်နိုင်ပါတယ်။ဒုတိယချီမှာတော့ လွန်လွန်ကျွံကျွံကပ်ဝင်လာတဲ့ အောင်ဟိန်းရဲ့လောဘကြီးမှုကြောင့် အောက်ချင်းလေးရဲ့ ညာလက်သီးတလုံးအပိုင်ထိုးခွင့်ရသွားပါပြီ။ အောင်ဟိန်းလန်ကျသွားပြီးနောက် အနားတောင်းရသည်ထိပါပဲ။ ဒီလိုအခြေအနေကြောင့် အနားတောင်းချီပြီးနောက် နဂိုကြမ်းပြီးသားပွဲက ထိန်းသိမ်းမနိုင်အောင်ပိုကြမ်းသွားခဲ့ပါပြီ။ အောင်ဟိန်းဟာ ဆန္ဒစောနေမှုကိုထိန်းသိမ်းလိုက်ပြီး အကွက်ပြင်နေစဉ်မှာပဲ အောက်ချင်းသွေးရဲ့ ညာဖြောင့်နှင့်တံတောင်တွဲနှစ်ချက်လုံး အောင်ဟိန်းမျက်နှာကို ကျရောက်သွားပါတယ်။ ဒါပေမယ့် ဒီတခါတော့ အောင်ဟိန်းမကျတော့ပါဘူး။ ပိုမိုသတိထားပြီး အားပါတဲ့ တွဲလုံးတွေနဲ့ အောက်ချင်းသွေးကို ပြန်ခြိမ်းခြောက်ဖို့ ကြိုးစားပါတယ်။ လက်နက်အကြမ်းစားတွေ ကိုယ်စီရှိတာမို့ သုံးချီမြောက်မှာအစ အရမ်းမဝင်ကြတော့ဘူး အမှားမခံရဲကြတော့ပါဘူး။ ဘာဆက်ဖြစ်မလဲ အားပေးကြပါဦး။