Featured Video Play Icon

သူတလှည့်ကိုယ်တလှည့် အနားတောင်းခဲ့ရတဲ့ပွဲ (Min Hein Vs Yan Naing)

ဆိုင်ခတ်ပြိုင်ခတ်ရင်း ရန်နိုင်(တိုက်ဂါး)ရဲ့ဘယ်ခတ်ခြေဟာ မင်းဟိဏ်းရဲ့အသဲတည်ရာကို ထိမိတာကြောင့် မထင်မှတ်ဘဲ မင်းဟိဏ်း အနားတောင်းလိုက်ရပါတယ်။ ပထမတချီလုံး ဖိထိုးဝင်တိုးခဲ့တဲ့ မင်းဟိဏ်းဟာ တိုက်စစ်ကိုဦးဆောင်နေရာမှ ပထမဆုံးအနားတောင်းရပါတယ်။ ဒါပေမယ့် ထိချက်မပြင်းခဲ့တာကြောင့် ရန်နိုင်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်မှုစပါပြီ။ ဗလာဒူးကော တံတောင်ကော လက်နက်စုံအောင် ဆင်တဲ့ထိုးစစ်မှာ တိုက်ဂါးရန်နိုင်ကလည်း ကြံကြံ့ခံရင်ဆိုင်တုံ့ပြန်မြဲပါပဲ။ အသဲကောင်းလို့ပွဲတောင်းဖို့ ပန်းတနော်ကိုလာခဲ့ကြတဲ့ ဘားအံနယ်ခံကလပ်သားများ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာ လက်ဝှေ့ပွဲတွေ ပြန်လည်ခြိမ့်သဲလာဖို့ လာရောက်ကြမ်းပြခဲ့တဲ့ ပွဲတပွဲကို အားပေးကြပါဦးခင်ဗျား