Featured Video Play Icon

ဒူးပျံများနှင့်ဖြတ်လက်သီး(Aung Min Kyaw vs Mike Khae)

ပိုရင့်တဲ့မိုက်ခဲက အောင်မင်းကျော်ကိုလုံးဝမကြောက်ပါဘူး။ သူ့ရှိတဲ့ခွန်အားနဲ့ အောင်မင်းကျော်ကို ကိုင်မဖွတ်ချပစ်ပုံ၊ ခြေယောင်တွေပြ လမ်းကြောင်းပြောင်းခတ်ထည့်ပုံတွေဟာ ကြောက်စရာကောင်းလှပါတယ်။ အားမာန်ပါလွန်းပါတယ်။ ဘိလပ်မြေစက်ရုံက လက်သပ်မွေးလူငယ်ကတော့
ပွဲသက်ရင့်ဖို့အတွေ့အကြုံရဖို့ စိတ်ရှည်ရှည်ထားပြီး အနာခံနေခဲ့ရပါတယ်။ မိမိထက်အားကြီးသူကို ရင်ဆိုင်ခဲ့ခြင်းပွဲအစက သက်သာခွင့်မရပါဘူး။ မိုက်ခဲရဲ့ ဘယ်ခင်းခြေကွက်ကြောင့် ညာခင်းသမားစောမင်းကျော်ဟာ အဝင်အဆိုင်မှာ ပိုအထိနာပုံရပါတယ်။ ဘာပဲပြောပြော အားကြီးတဲ့ မိုက်ခဲကို လှန်မနိုင်ပြိုင်တွန်းတိုက်မနိုင်ဘဲ ကြိုးတန်းထောင့်ရောက်သည်အထိ အပြီးသတ်တိုက်ခိုက်ခံနေပါတယ်။ အောင်ဇေယျရဲ့ ညွှန်ကြားမှုနှင့်အတူ တခါတခါမှာ အောင်မင်းကျော်က ဘယ်ခြေလိုက်ခင်းလာတာတွေ့ရပါတယ်။ ဒီလိုနဲ့ ဒုတိယအချီမှာ တိုက်ပွဲပုံစံပြောင်းသွားတာက ရုတ်တရက်ပါပဲ။ မိုက်ခဲကိုမစောင့်တော့ဘဲ
ရဲရဲဝင်ချုပ်ဝင်ထိုးဝင်တိုက်တဲ့ သူကျွမ်းကျင်တဲ့ ချုပ်ဒူးတွေဟာ ခမ်းနားလှပါတယ်။ ခြေကန်တချက်ထွက်ဖို့ အားယူလမ်းပြလွန်းတဲ့ မိုက်ခဲရဲ့အမှားကတော့ ပြင်ဆင်ချိန်မရတော့ပါဘူး။ လွှဲကန်ပစ်ဖို့ ဘယ်ခြေလွှဲနေစဉ်မှာ ပစ်ထိုးလာတဲ့ ဘယ်ဖြောင့်လက်သီးတလုံးအထိ နှစ်အားဆုံမိစဉ်မှာ မိုက်ခဲတယောက် ကြိုးဝိုင်းအလယ် ပြန်မရောက်နိုင်တော့ပါဘူး။ ရှုစားအားပေးကြပါစို့