Featured Video Play Icon

ဗျူဟာနှင့်သတ္တိ(သုံးသိန်းရိုးရာအောင်လံ)

ထောက်ထိုးရင်း ဆုတ်ရင်း စောင့်ထိုးနေပေမယ့် နယ်မြေခံလက်ဝှေ့သမားဟာ နယ်ကျွံကျားဟောင်းကြီးကို ဒဏ်ရာပေးခဲ့ပါတယ်။ အမာစားလူငယ်တွေ စုဖွဲ့ထားတဲ့ ရန်စစ်ငြိမ်းရဲ့ နာမည်ကျော်ကတော့ ဆိုင်ထိုးပြိုင်ထိုးခွင့်ရဖို့ မျှော်လင့်ထားပေမယ့် ထင်တိုင်းမဖြစ်သေးပါဘူး။ ခံစစ်တိုက်စစ်ချိန်ဆပြီး ဗျူဟာဆင်နေတဲ့ ခေါင်သျှူးခလိန်းသားကလည်း ပွဲကျော်မဟုတ်ပေမယ့် သက်လုံမကျသွားခဲ့ခြင်းဟာ ပွဲကိုပိုမိုစိတ်ဝင်စားစရာ ဖြစ်သွားပါပြီ။ မေးတလုံးအပိုင်ထိုးဖို့ စောင့်ခဲ့ရပြီး အားကြီးတဲ့ လက်သီးတလုံးတွက် ဇေယျာထွန်းတယောက် ဘယ်လိုတောင် ဝင်ထိုးနေခဲ့ရလဲ။ ဆုတ်နေရာက လျှပ်တပြက်ဝင်ဆောင့်ပစ်ထိုးတဲ့ လက်နက်စုံတွေကြားမှာ ရန်စစ်ငြိမ်းအမာစားတယောက် မသက်သာခဲ့ဘူး ဆိုရမှာပါ။ သုံးသိန်းတန်ရိုးရာအောင်လံဆိုတာ ငွေပမာဏထက် ဂုဏ်သိက္ခာက သူတို့အတွက် မက်မောနေမိတာမျိုး။ နောက်ဆုံးချီကျတော့ ဆယ်မိနစ်ထိ နွှဲခဲ့ရပါတယ်။ နှင်းစိုရွှဲရွှဲ ညနက်နက်ပွဲတပွဲက ရိုးရာသားတို့ရဲ့ အကြမ်းပတမ်းခံနိုင်မှုက ထင်ဟပ်စေသလို သူတို့ရဲ့ခက်ခဲပင်ပန်းတဲ့ ရွေးချယ်မှုတွေကိုလည်း ပေါ်လွင်စေခဲ့ပါသေးတယ်။ စောကျော်သိန်းတူ ကြယ်လင်းအောင်စတဲ့ ကရင်လက်ဝှေ့ကျော်များထွက်ရှိရာ ကော့စိန်ဘန်အောက်ကျေးရွာရဲ့ ဘုန်းကြီးပျံညတညပွဲဟာ တောဆိုပေမယ့် လက်ဝှေ့နဲ့ပက်သက်ရင် အညတြတွေမဟုတ်ခဲ့ပေဘူး။ နင်းခြေတားခြေအစုံ လက်သီးမိုင်ကုန်ထိုးထည့်လိုက် ဆုတ်သွားလိုင်္ကနဲ့ နယ်ခံရွက်ပုန်းသီးဟာ ရန်စစ်ငြိမ်းကျားကို အစွယ်ချိုးလိုက်နိုင်မလား နယ်ကျွံကျားရဲ့ သက်လုံပြည့် လက်သီးတလုံးလုံး မေးရိုးအထိမှာ ပျော့ခွေကျသွားမလား ကြည့်ကြပါစို့