Featured Video Play Icon

ရွှေခါးပတ်ချန်ပီယံတို့ရဲ့မကျေပွဲ(Thein Soe vs Thet Paing Aung)

ရွှေခါးပတ်ချန်ပီယံပွဲတိုင်းမှာ အမြဲတမ်းဗိုလ်လုပွဲမှာလွဲခဲ့ရတဲ့ သိန်းစိုးတယောက် 2019 မှာ ရွှေခါးပတ်ချန်ပီယံဖြစ်လာခဲ့ပါတယ်။ အပွဲပွဲလွဲခဲ့ရတဲ့ ရွှေခါးပတ်ခရီးလမ်းမှာ သက်ပိုင်အောင်ကြောင့် လက်လွှတ်လိုက်ရတဲ့ ပွဲတပွဲလည်း သူအမှတ်ရနေမှာပါ။ ဒီပွဲကတော့ နှစ်ဦးလုံး ရွှေခါးပတ်ချန်ပီယံဘဝနဲ့ ပြန်လည်တွေ့ဆုံခြင်းဖြစ်ပါတယ်။ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် မရမ်းရွာမှာ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အဖြစ်ကျင်းပခဲ့ကြပါတယ်။ ဒီအခါမှာတော့ တွေ့ဖူးကြုံဖူးခဲ့တဲ့ အတန်းတူမောင်နှစ်ဦးသား မကျေပွဲတပွဲ ဖြစ်လာပါတော့တယ်။