Featured Video Play Icon

ခပ်ဆန်းဆန်းပွဲတစ်ပွဲ (Saw Ant Gyi vs Bala)

အလူးအလဲနဲ့ ခပ်စောစောပဲ မိုးထဲရေထဲရောက်သွားခဲ့ကြတာကတော့ ဗလ(amt-2) နှင့် စောအံ့ကြီး(ကညောသွီ) ဖြစ်ပါတယ်။ ပွဲဟောင်းတပွဲဖြစ်ပြီး ခုဆိုရင်တော့ သူတို့နှစ်ဦးလုံး တိုးတက်ထက်မြက်လာတာ သိရပါတယ်။ ဒေါပုံမြို့မှာကျင်းပခဲ့တဲ့ ဒီပွဲမှာတော့ သူတို့နှစ်ဦးလုံးမှာ ရှိတဲ့ သတ္တိနှင့်ဇကို ထပ်တူကျအောင်ပြနိုင်ခဲ့တယ် ဆိုရမှာပါ။ ဗလ(AMT-2) ရဲ့ အလားအလာကောင်းတဲ့ တိုက်ခိုက်ရေး ဉာဏ်ရှိပုံနှင့်အတူ စောအံ့ကြီးဆီက မထင်မှတ်တဲ့ တိုက်ကွက်ဆန်းတွေကိုလည်း ရှုစားရမှာပါ။ တွံတေးမြို့မှ ဆရာကြီးစောသဲအောင်က တပည့်စောအံ့ကြီးကို အနီးကပ်ပံ့ပိုးခဲ့ပြီး AMT-2 ကလပ်မှ ထရိန်နာ ကိုဇာထက်ကလည်း ဗလကို နည်းပြအကူအဖြစ် တိုက်ပွဲဝင်ခဲ့ပါတယ်။ အားပေးကြပါဦး