Featured Video Play Icon

ကြိုးတန်းပေါ်တင်လျက်တံတောင်လေးချက်(Min Kyaw Za VS Saw Min Kyaw)

ရိုးဟန်ကဖောက်ထွက် တိုးတက်တဲ့လူငယ်တွေရဲ့ တိုက်ကွက်အလှများကို အားတက်ဖွယ်ကြည့်နိုင်ပါတယ်။ ဆရာသတ္တိအောင်ရဲ့လက်ရင်းတပည့် စောမင်းကျော်ဟာ
ဒို့ရိုးရာကလပ်ရဲ့ တိုက်စစ်မှူးနေရာကို ဦးဆောင်ဖို့တာစူနေတဲ့လူငယ်ဖြစ်ပြီး မင်းကျော်ဇကတော့ အခုန်အပျံတွေနဲ့ ရှောင်တိမ်းယိမ်းထိုး အမျိုးမျိုးတိုက်ကွက်စုံသူဖြစ်ပါတယ်။ ဇွဲကပင်မြေကလပ်ရဲ့ တိုးတက်လူငယ်အဖြစ် အတန်းတူပြိုင်ဘက်တွေကို ခြိမ်းခြောက်နိုင်စွမ်းရှိသူလည်း ဖြစ်ပါတယ်။
အရှောင်အတိမ်းခါးဆွဲခါးယိမ်းကစားပုံတွေမှာ သူမတူအောင်ထူးခြားတဲ့ ရိုးရာလက်ဝှေ့သမားဖြစ်ပါတယ်။ ဒီပွဲမှာတော့ ကြိုးတန်းပေါ်ငုံ့မိလျက်သားအခြေအနေမှာ
သတ္တိအောင်တပည့် စောမင်းကျော်ရဲ့ ညာတံတောင်စိတ်ကြိုက်ရိုက်ချက်လေးချက်နှင့် ငါးရံ့ခေါင်းထိုးခေါင်းတိုက်ချက်ကိုပါ ကြံ့ကြံ့ခံပြခဲ့တာ အံ့အားသင့်ရပါတော့တယ်။ ငါးချီပြည့်ပွဲတွေထိတက်လှမ်းပြီး လာမယ့်လက်ဝှေ့ရာသီအသစ်မှာ ဒီမောင်တွက အံ့မခန်းဖျော်ဖြေနိုင်စွမ်းရှိတယ်ဆိုတာ သိသာစေဖို့ အားပေးကြည့်ကြပါဦး။ တခေတ်တခါ ထွန်းတောက်မယ့် ကြယ်နှစ်ပွင့်လို့ယူဆမိကြောင်းပါ