Featured Video Play Icon

ရိုးရာလက်ဝှေ့(ကရင်ပြည်နယ်)တွက် ပြည်ခိုင်ဖြိုးပါတီရဲ့ ထောက်ပံ့လှူဒါန်းပွဲ

ကူးစက်မြန်အဆုတ်ရောင်ကပ်ရောဂါကတော့ ပထမအကြိမ်တင်းကျပ်မှုများ ပြေလျော့စပြုချိန်မှာပဲ နောက်တကြိမ် ဒုတိယလှိုင်းရဲ့ဒဏ်က ပြန်လည်ရောက်ရှိလာပါပြီ။ လက်ဝှေ့ပွဲသတင်းများ လှုပ်လှုပ်ရှားရှားရှိလာချိန်မှာပဲ မျှော်လင့်ချက်တဖန် လျော့ရဲသွားပြီလား စိတ်ဓာတ်ကျစရာအခြေအနေပါ။ ခုလိုအကျပ်အတည်းကာလမျိုးမှာ ရိုးရာလက်ဝှေ့သမားများစွာကို ထိန်းသိမ်းမွေးမြူထားရတဲ့ လက်ဝှေ့ကလပ်များရဲ့ ရပ်တည်မှုက ခက်ခဲမှာတော့ အမှန်ပါပဲ။ တတ်နိုင်သူလူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများ ကူညီနေကြချိန်မှာ ယခုတကြိမ်မှာတော့ ကရင်ပြည်နယ်တွက် တတိယမြောက်အလှူရှင်များ ပေါ်ပေါက်လာပါတယ်။ ကျနော်တို့ MLC (လက်ဝှေ့မီဒီယာ)မှ သွားရောက်သတင်းယူ မှတ်တမ်းတင်ခဲ့ပါတယ်။ စုစုပေါင်းလက်ဝှေ့ကလပ်များ (၂၃) ကလပ်လာရောက် လက်ခံရယူခဲ့ကြတယ်လို့ ဦးဆောင်သူ သုံးပန်လှကလပ်မှ အုပ်ချုပ်သူများက MLC ကိုပြောကြားခဲ့ပါတယ်။