Featured Video Play Icon

ရိုးရာတာဝန်ကျေသူအတွက်ဂုဏ်ပြုစကားဝိုင်း

ကွယ်လွန်သူဆရာဦးအောင်ဒင်ဟာ နိုင်ငံတကာတန်းဝင်နိုင်မယ့် ကိုယ်ကာယရှိသူနိုင်ငံခြားသူတဦးကို အနီးကပ်ခေါ်ယူ လေ့ကျင့်ပေးခဲ့ဖူးတာ သိသူများပါတယ်။ သူကတော့ အလီ(ခ)စောရွှေဘပါပဲ။ မြန်မာ့လက်ဝှေ့ပညာကို အနီးကပ်ပို့ချပေးပြီး နိုင်ငံတကာပွဲများမှာ တင့်တယ်အောင် ဆရာကြီးအားသွန်ကြိုးစားခဲ့ပေမယ့် လက်လျှော့ခဲ့ရတာကတော့ စိတ်မကောင်းစရာအဖြစ်အပျက်တခုပါ။ ဒီဖြစ်စဉ်ထဲမှာ ဆရာဦးအောင်ဒင်ရဲ့ စေတနာနှင့် မျှော်လင့်ချက်ကြီးမားမှုကို ကောက်နှုတ်ရင်း ပြန်ပြောင်းပြောဖြစ်ခဲ့ပါတယ်။ ကွယ်လွန်သူဆရာဦးအောင်ဒင်(ရန်ကုန်အောင်ဒင်)နှင့် နှစ်ပေါင်းများစွာ လက်တွဲပြီး ရိုးရာလက်ဝှေ့ခရီးပေါ်အတူရှိခဲ့တဲ့ ဆရာဦးပန်သု(လက်ဝှေ့နည်းစနည်ဆရာကြီး) ကိုဖိတ်ခေါ်ပြီး သူတို့ငယ်ဘဝအတွေ့အကြုံရှေးဟောင်းနှောင်းဖြစ်များကို ပြန်လည်ပြောဖြစ်ပါတယ်။ ဆရာဦးသိန်းအောင်၊ဆရာဦးမြင့်မောင်စတဲ့ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်တာဝန်ရှိသူတွေကလည်း ရန်ကုန်အောင်ဒင်(ခ)ဦးအောင်ဒင်ရဲ့ လက်ဝှေ့ရေးရာမှာ တာဝန်ကျေမှုတွေကို ထုတ်ဖော်ကြပါတယ်။ GTG ဦးလေးကျားကလည်း နှမြောတသဖြစ်မိခြင်းဝမ်းနည်းစကားနှင့်အတူ နည်းပြဆရာလုံးချော(ချန်ပီယံဟောင်း) ကလည်း ဂါရဝပြုနှုတ်ဆက်စကားပြောကြားကြပါတယ်။ ဒီနေ့ဟာ ဆရာဦီးအောင်ဒင်ကွယ်လွန်ခြင်း ရက်လည်ဆွမ်းသွတ်နေ့ဖြစ်တာမို့ ကောင်းရာဘုံဘဝမှာ ရှိနေနိုင်ပါစေကြောင်း MLC ကလည်း ဂါရဝပြုဆုတောင်းရပါပြီဆရာ။