Featured Video Play Icon

စိုးမင်းအောင်ရဲ့ WLC ဒုတိယပွဲနှင့် သူ့ဘဝသူ့အကြောင်း

28.8.2020 WLC ရဲ့ Hideout Battle ပွဲမှာမြင်ရတော့မယ့် စိုးမင်းအောင်က သူအကြိုက်ဆုံးမွေထိုင်းလက်ဝှေ့သမားက သူပါပဲတဲ့။ ရိုးရာလက်ဝှေ့သမားထဲမှာ သူအကြိုက်ဆုံးလက်ဝှေ့သမားက ဘယ်သူပါလဲ။ MLC ကမေးမြန်းပြီး ဘာသာပြန်တင်ဆက်ထားပါတယ်။ ခေါင်းတိုက်ကျင့်မရှိတာကြောင့် ခေါင်းတိုက်ခံရရင်
သူဘယ်လိုလုပ်မလဲ စတဲ့အမေးအဖြေတွေက သွက်လက်ပေါ့ပါးလှပါတယ် တဆက်တည်းမှာ အမေအကြောင်း အဖေ့အကြောင်းပြောပြလာတဲ့ မိဘချစ်တဲ့
မွန်+ကရင်တိုင်းရင်းသား စိုးမင်းအောင်ရဲ့ အကြောင်းစုံက စိတ်ဝင်စားစရာပါ။ ထိုင်းနိုင်ငံမှာကျင်းပမယ့် ဒီပွဲစဉ်မှာ စိုးမင်းအောင်က ဒုတိယခေါင်ပွဲအဖြစ် ပါဝင်လာခဲ့ပြန်ပါပြီ။ ထိုင်းနိုင်ငံမှာနေနေရပေမယ့် မြန်မာကိုယ်စားပြုထိုးနေရတဲ့ သူ့တိုက်ပွဲတွေကို ပြည်တွင်းကပရိသတ်တွေအနေနဲ့ တခဲနက်အားပေးဖို့တောင်းဆိုထားပါတယ်။ ဒီတပွဲပြီးနောက်တပွဲထိုးပြီးရင်တော့ စိုးမင်းအောင်တယောက် ပဥ္စင်းဝတ်အဖြစ်နဲ့ မြင်ရပါတော့မယ်။ ပြည်တွင်းက သူ့ပရိသတ်များအတွက်က အထူးတင်ဆက်ထားတဲ့ ပွဲကြိုအင်တာဗျူးပဲဖြစ်ပါတယ်ခင်ဗျား