Featured Video Play Icon

နောက်ကျခဲ့တဲ့ပတ်တံတောင်

ကီလိုတန်းအငယ်တွေပဲများတဲ့ ကရင်လူမျိုးလက်ဝှေ့သမားတွေထဲမှာတော့ ဒီမောင်နှစ်ဦးရဲ့ အားအင်ကြီးမားမှုက ရှားပါးပါတယ်။ ကြယ်စင်ထူးနှင့်နေထူးထူးတွေ့ခဲ့ကြတဲ့ပွဲက မြိုင်ကြီးငူဒေသ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ပါ။ ပွဲအပြီးမြန်ခဲ့ပြီး လွန်လွန်ကျွံကျွံအနီးကပ်ထိုးတတ်ကြတဲ့ လက်ဝှေ့သမားတွေထဲမှာ ဒူးတိုက်နိုင်စွမ်းသူရဲ့ အားသာချက်က ပေါ်လွင်ခဲ့တယ်ဆိုရမှာပါ။ အားချင်းပြိုင် အမာချင်းပြိုင်ကြစမြဲ လက်ဝှေ့သမားနှစ်ဦးရဲ့ နင်မပြီးငါပြီး ရိုးရှင်းတဲ့ အနီးကပ်တိုက်ပွဲက ပြတ်သားရှင်းလင်းနေခဲ့ပါပြီ။ နောက်ကျသွားတဲ့ပတ်တံတောင်တိုက်ကွက်ကို ကြည့်ရှုမှတ်သား လေ့လာကြရမှာပါ။ မြန်မာ့လက်ဝှေ့ပွဲနှင့်တကွ အကြောင်းစုံကို အမြဲမပြတ်ကြည့်ရှုနိုင်ဖို့ MLC ရဲ့ ယူကျုချန်နယ်ကို Subcribe လုပ်ထားပေးပါလို့ တောင်းဆိုပါရစေခင်ဗျား