Featured Video Play Icon

ချုပ်ဒူးနှင့်လက်သီး(ရေးမြို့ကအမှတ်ရမိတဲ့ပွဲ)

တကယ့်ကိုရှင်းရှင်းလင်းလင်းနဲ့ကြည့်ကောင်းခဲ့တဲ့ပွဲပါ။ လက်သီးအားထားသူနှင့်ဒူးကိုစွဲမြဲအောင် တိုက်နိုင်သူဆုံတဲ့အခါ ခုလိုပဲရသမြောက်ခဲ့ပါတယ်။ ထွန်းလွင်မိုးဦးစီးတဲ့တော်ဝင်ဧရာကလပ်ကိုယ်စားပြုခဲ့တဲ့ အောင်ကျော်ကျော်နှင့် ထားဝယ်နယ်သား လှဒွေးတို့နှစ်ဦးဟာ မထင်ရှားတဲ့လက်ဝှေ့သမားတွေအဖြစ်နဲ့ သုံးချီပွဲတပွဲကိုတော့ ပီပြင်အောင် လက်ဝှေ့တာဝန်ကျေခဲ့ပါတယ်။ အားချင်းတူ တိုက်ကွက်ချင်းဆိုင်မိကြတဲ့အခါ သက်လုံနှင့်ခံနိုင်ရည်စကားပြောလာတာကတော့ လက်ဝှေ့ရဲ့ထုံးစံဟောင်းကြီးပါပဲ။ ဒါကြောင့်မို့လည်း ဒူးစာမိပြီးစောစောစီးစီးအနားတောင်းခဲ့ရပေမယ့် ထားဝယ်သားလှဒွေးတယောက် အရှုံးမပြခဲ့သေးပါဘူး။ (၁၃၂)ကြိမ်မြောက်ရွှေဆံတော်ဘုရားပွဲ ရေးမြို့မှာ MLC ကအမှတ်ရနေမိတဲ့ပွဲဟောင်းပါပဲ။ မထင်မရှားကြယ်နှစ်ပွင့် အလင်းချင်းပြိုင်ခဲ့ကြပါပြီ။