Featured Video Play Icon

မြိုင်ကြီးငူမှာကျားရဲကြီးများ

ဆိုင်းသံကြားရင် ကြိုးဝိုင်းအနား ပြန်လည်လာလေ့ရှိတာက ရိုးရာလက်ဝှေ့ကျားများပါ။ တခေတ်တခါက ထွန်းထွန်းမင်း တူးတူး ဝင်းထွန်း ကြယ်လင်းအောင်တို့ဆီအရောက်လှမ်းလို့ ပထမတန်းလို့ပြောရမယ့် စောရန်ပိုင်ဆိုတဲ့လက်ဝှေ့ကျော်ဟာ မြိုင်ကြီးငူမှာတော့ ရွှေဖူးမှ ဝမ်းစတားနဲ့ ပွဲထွက်လာပါတယ်။ ဝိတ်တန်းနီးစပ်သူချင်းမို့ ကျားရင့်ချင်းအဆိုင်မှာ ဖင်ထိုင်မေ့ခဲ့သူကတော့ လိုအပ်ချက်တွေများလှပါတယ်။ ငယ်သေးတယ်ဆိုရပေမယ့် ထိုးလုံးသတ်ပေါက်ရှင်းလင်းပြီး အတွေ့အကြုံများတဲ့ စောရန်ပိုင်တယောက်ကို နောက်ပိုင်းမတွေ့ရတော့ပါဘူး။ ဒီအရွယ်ဟာ တကယ်တော့ နိုင်ငံတကာတိုက်ခိုက်ရေးသမားများနဲ့ ယှဉ်ရင်ကြိုးဝိုင်းထဲ ကောင်းကောင်းကျင်လည်နိုင်ဦးမယ့်အရွယ်ပါပဲ။ ပွဲကြမ်းတွေ အချိန်တိုတွင်း ဒိတ်ဒိတ်ကြဲတွေနဲ့ စိပ်စိပ်နွှဲခဲ့လို့များလား အတွေးပွားရင်း စောရန်ပိုင်ရဲ့ သိဒ္ဓိကို တဆိတ်လောက် ပြန်လှည့်ကြည့်ကြရအောင်ပါ