Featured Video Play Icon

ထိုးနိုင်ကန်နိုင်ပြန်ခံနိုင်မှ

အရွယ်တူစံပယ်ဖြူပြိုင်ပွင့်ခဲ့တာမို့ ဘက်မျှကြည့်လှခဲ့တယ်ဆိုရမှာပါ။ ယော့ခ်ဖစ်ရဲ့ မွေထိုင်းထုံးစံ သွေးအေးတဲ့စောင့်တိုက်ကွက်တွေကို စောဝါလုကလည်း လက်ဝှေ့ရိုးရာအတိုင်း ကျားစီးဖားစီးဝင်တိုးခဲ့ပါတယ်။ စိတ်ကြိုက်တံတောင်ရိုက်ဖို့မျှော်လင့်နေတဲ့ ထိုင်းကို စောဝါလုကတော့ နံကိုင်းထိုးချိုးနိုင်ဖို့အားထုတ်ပါတယ်။ အချိန်သင့်အခါသင့်နောက်တွဲပါသွားတဲ့ ခေါင်းဆောင့်ကွက်တကွက် အငိုက်မိချိန်မှာတော့ ယော့ဖစ်တယောက် စောစောစီးစီး အနားတောင်းလိုက်ပါတယ် သုံးချီမြောက်ပြန်အလွှတ်မှာ နှစ်ဦးလုံးထိုးအားကျသွားပါတော့တယ်။ ဒါပေမယ့်အဖြေက မထင်မှတ်ချိန်မှာပေါ်သွားခဲ့ရတာကြောင့် စောဝါလုအမောပြေတဲ့ပွဲရလာဒ်နဲ့ သိဒ္ဓိတင်ပေးလိုက်တဲ့ပွဲလို့ ဂုဏ်ပြုပါရစေ