ဗလကြီးကြီးတိုက်ဒူးပြင်းပြင်း

ကီလိုတန်းအငယ်တွေပဲများတဲ့ ကရင်လူမျိုးလက်ဝှေ့သမားတွေထဲမှာတော့ ဒီမောင်နှစ်ဦးရဲ့ အားအင်ကြီးမားမှုက ရှားပါးပါတယ်။ ကြယ်စင်ထူးနှင့်နေထူးထူးတွေ့ခဲ့ကြတဲ့ပွဲက မြိုင်ကြီးငူဒေသ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ပါ။ လွန်လွန်ကျွံကျွံအနီးကပ်ထိုးတတ်ကြတဲ့ ကီလိုတန်းအငယ်တွေပဲများတဲ့ ကရင်လူမျိုးလက်ဝှေ့သမားတွေထဲမှာတော့ ဒီမောင်နှစ်ဦးရဲ့ အားအင်ကြီးမားမှုက ရှားပါးပါတယ်။ ကြယ်စင်ထူးနှင့်နေထူးထူးတွေ့ခဲ့ကြတဲ့ပွဲက မြိုင်ကြီးငူဒေသ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ပါ။ လွန်လွန်ကျွံကျွံအနီးကပ်ထိုးတတ်ကြတဲ့ လက်ဝှေ့သမားတွေထဲမှာ ဒူးတိုက်နိုင်စွမ်းသူရဲ့ အားသာချက်က ပေါ်လွင်ခဲ့ပြီး ပွဲအပြီးမြန်ခဲ့တယ် ဆိုရမှာပါ။ အားချင်းပြိုင် အမာချင်းပြိုင်ကြစမြဲ လက်ဝှေ့သမားနှစ်ဦးရဲ့ နင်မပြီးငါပြီး ရိုးရှင်းတဲ့ အနီးကပ်တိုက်ပွဲ။ အဖြေကလည်း လိုရင်းတိုရှင်း ပြတ်သားခဲ့ပါတယ်။ နောက်ကျသွားတဲ့ပတ်တံတောင်တိုက်ကွက်ကို ကြည့်ရှုမှတ်သား လေ့လာကြရမှာပါ။